Recipes | ချက်ပုံချက်နည်းများ | ငပိ - Ngapi | ငရုတ်သီး - Chilli | ဟင်းသီးဟင်းရွက် - Vegetables

အုန်ုးမှို၊ ဂွေးတောက်ရွက်နဲ့ ဆူးပုတ် တောချက်

May 5, 2017

အုန်ုးမှို၊ ဂွေးတောက်ရွက်နဲ့ ဆူးပုတ် တောချက်

Share this on:

အုန်းမိုနဲ့ဂွေးတောက်ရွက် ဆူးပုတ်ရွက် ချက်ထားတာပါ။

ပါဝင်ပစ္စည်းများ

  • အုန်းပင်အဆွေးမှာ ပေါက်တဲ့မို
  • ဆူးပုတ်ကြီးရွက်နည်းနည်း
  • ဂွေးတောက်ရွက်နည်းနည်း
  • ငရုပ်သီးစိမ်း၁၆တောင့်
  • ဆီ
  • ငပိ
  • အချိုမှုန်

ပြုလုပ်နည်း

  1. အိုးထဲကို ရေသောက်ရေခွက်နဲ့ ၁ခွက်ခွဲလောက်ကို ငပိဆားအချိုမူန့် ငရုပ်စီးစိမ်းထောင်းပြီး ထည့်ပါ။
  2. ကြက်သွန်ဖြူထောင်းထည့် မိုကို ရေစင်အောင်ဆေးပြီး တခါထဲထည့်ပြီး ချက်ပါ။
  3. ရေပွက်ပွက် ဆူလာပြီး ရေအနေတော်လောက်ဆို အရသာမြည်း လိုတာထည့်ပါ။
  4. ပြီးမှ ဆူးပုတ်ကြီးနဲ့ ဂွေးတောက်ရွက် ထည့်ပါ။
  5. မိနစ် အနည်းလောက်ဆိုချ အရမ်းစားလို့ကောင်း ပြောရင်းစားချင်လာပြီ။

Credit: Mech Man

Review

User Rating

3 (3 Votes)

author-avatar

Recipes sent by our Users