အားလုံးပဲမင်္ဂလာပါနော်။ ပြုလုပ်ရတာရိုးရှင်းပြီး အရသာရှိတဲ့ အသီးအရွက် ဂျုံခေါက်ဆွဲကြော်ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဂျုံခေါက်ဆွဲ ၄၅၀ ဂရမ်
  • ပဲငံပြာရည် အနှောက် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ အနည်းငယ်

  • သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း နဲ့ ရေနွေး လက်ဖက်ရည်ဇွန်း ၁ဇွန်း (သကြားအရည်ပျော်အောင်ဖျော်ပေးလိုက်ပါ)
  • ဆီ အနည်းငယ်
  • ဆားအနည်းငယ်
  • ကြက်သွန်ဖြူ ၁ မွှာ တောက်တောက်စဉ်း

  • မှို ပါးပါးလှီး တစ်ခွက်
  • ကြက်သွန်မြိတ် ၁ ပင် ခပ်ရှည်ရှည်လှီးပေးလိုက်ပါ
  • ငရုတ်ပွသီး ၁ လုံး
  • မုန်လာဥနီ အသေးအနည်းငယ်
  • ပဲသီး အနည်းငယ်

  • အရွက်အစိမ်း (မုန်ညှင်းစိမ်း၊ ပန်းမုန်လာ စသည့်)

ပြုလုပ်နည်း

အရင်ဆုံး ကြက်သွန်ဖြူဆီသတ်ပြီး မှိုကြော်ပေးလိုက်ပါ။

အဲဒီနောက် ငရုတ်ပွသီးနဲ့ မုန်လာဥနီထည့်ကြော်ပေးလိုက်ပါ။

ပြီးရင် ပဲသီးနဲ့ အရွက်ထည့်ကြော်ပေးလိုက်ပါ။

အဲးဒီနောက်ခေါက်ဆွဲထည့်လိုက်ပြီး ပဲငံပြာရည်များ၊ ဆားနဲ့ တခြားကျန်တဲ့ပါဝင်ပစ္စည်းအားလုံးကို ထည့်လိုက်ပါ။ သေချာလေးမွှေပေးလိုက်ပြီး နှံသွားပြီး အနံ့လေးမွှေးလာပြီဆိုရင်တော့ သုံးဆောင်နိုင်ပါပြီနော်။

Source: www.thewokoflife.com

By: MyFood Myanmar