ကလေးတွေကို ဟင်းသီးဟင်းရွက်တွေ ကျွေးရတာခက်လေ့ရှိပါတယ်။

ကလေးတွေ ကျန်းမာစွာ ဖွံ့ဖြိုး ကြီးထွားဖို့အတွက်ဆိုရင် အာဟာရမျှတစွာရရှိဖို့အတွက် ဟင်းသီးဟင်းရွက်တွေနဲ့အသားတို့ကို မျှမျှတတ စားပေးဖို့လိုပါတယ်။

ကလေးတွေက အာလူး၊ မုန်လာဥနီတွေ စားကြလေ့ရှိတဲ့အပြင် တခြား ဟင်းသီးဟင်းရွက်တွေကိုလည်း ကြိုက်ကြလေ့ရှိပါတယ်။

အာဟာရစုံလင်စွာရရှိဖို့ ကလေးတော်တော်များများ ကြိုက်နှစ်သက်တဲ့ ဟင်းသီးဟင်းရွက်များကို ဝေမျှချင်ပါတယ်။

ကညွှတ်

pexels-photo-539431

ကညွှတ်ကြော် ဟင်းလျာမှာ ချိုစိမ့်အရသာလေးရှိတာကြောင့်ကလေးတွေ ကြိုက်နှစ်သက်ကြပါတယ်။

ကညွှတ်ကြော်မှာ ဖောလစ်အက်ဆစ် ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

 

ဂေါ်ဖီ

Kohl White Cabbage Food Cabbage Vegetables

ဂေါ်ဖီက ကြော်ချက်တာဘဲဖြစ်ဖြစ် ဒီအတိုင်းအစိမ်းဘဲဖြစ်ဖြစ် စားလို့ရပါတယ်။ ဂေါ်ဖီကြော်လေးနဲ့ ထမင်းဆိုရင် ကလေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ ဂေါ်ဖီမှာ ဗီတာမင် K၊ ဗီတာမင် စီနဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ Sulfur ဓာတ်တွေပါဝင်တာကြောင့် အဆုတ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ ကူညီပေးပါတယ်။

မှို

pexels-photo-129465

ကလေးတွေက မှိုဟင်းလျာတွေကိုလည်း ကြိုက်နှစ်သက်ပါတယ်။ မှိုဟင်းလျာတွေက စိမ့်တဲ့အရသာကို ပေးစွမ်းနိုင်ပါတယ်။ မှိုတွေကို ဟင်းလျာအဖြစ်ချက်စားနိုင်ရုံသာမက အရွက်တစ်ခုခုနဲ့ တွဲလျက်ကြော်လည်း စားလို့ကောင်းပါတယ်။ (ဥပမာ မှိုကန်စွန်း)။ မှိုတွေမှာ ပိုတက်ဆီယမ်၊ Copper ၊ Selenium ၊ Tryptophan ဓာတ်တို့ပါဝင်ပါတယ်။

 

ပဲအမျိုးမျိုး

bigstock-seeds-legumes-beans44731063

ကလေးတွေက စိမ့်ချိုတဲ့အရသာကို ကြိုက်နှစ်သက်တာကြောင့် ပဲအမျိုးမျိုးကိုလည်း ချက်ကျွေးသင့်ပါတယ်။ ဥပမာ ပဲနီလေးဟင်းချို၊ ကြက်သားနဲ့ပဲ၊ ပဲတီစိမ်းကြော် စတာတွေကို ကလေးတွေ ကြိုက်နှစ်သက်လေ့ရှိပါတယ်။

ကိုက်လန်ရွက်

8614558845_dc724e4562_b

ကိုက်လန်ရွက်လေးကို ခရုဆီလေးနဲ့ ကြော်တာမျိုးတွေက ကလေးတွေ ကြိုက်နှစ်သက်ကြပါတယ်။ ဂေါ်ဖီရွက်လိုဘဲ ကိုက်လန်ရွက်မှာ အသည်းအတွင်းရှိ အဆိပ်အတောက်တွေကို ဆေးကြောပေးနိုင်တဲ့ Sulfur ဓာတ်တွေပါဝင်ပါတယ်။ ကိုက်လန်က Sulfur ဓာတ်အပါအ၀င်ဆုံး ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။

ခနောကြက်သားမှုန့်

Knorr Pico KV

 

ခနောကြက်သားမှုန့်က ဟင်းလျာတွေကို အရသာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေ ဟင်းသီးဟင်းရွက် ဟင်းလျာတွေ စားသုံးအောင် ခနောက ကူညီပေးနိုင်ပါတယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံရှိ မတူညီတဲ့ တိုင်းရင်းသားများရဲ့ ချက်ပြုတ်နည်းတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဟင်းလျာတွေအရသာ ထူးကဲကောင်းမွန်ပြီး မိသားစုနဲ့ အမှတ်တရ အချိန်တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ပံ့ပိုးပေးထားပါတယ်။