ကျန်းမာရေး - Health

အသားထက် သံဓာတ်တွေ ပါဝင်မှု ပိုများတဲ့ ဟင်းသီးဟင်းရွက်များ

July 7, 2017

အသားထက် သံဓာတ်တွေ ပါဝင်မှု ပိုများတဲ့ ဟင်းသီးဟင်းရွက်များ

Share this on:

ကျန်းမာရေးကောင်းမွန်ဖို့အတွက် သံဓာတ်ပြည့်ပြည့် ၀၀ ရရှိဖို့အတွက် လိုအပ်ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေတော်တော်များများမှာ သံဓာတ်ချို့တဲ့မှုနဲ့ ဆက်စပ်နေတဲ့ ဝေဒနာတွေ ခံစားရနေတယ်လို့ သုတေသနပြုချက်တစ်ခုကလည်း ဆိုထားပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား ကျန်းမာရေးဌာနက လူသားတစ်ယောက်မှာ အနည်းဆုံး 8-27 mg သံဓာတ်ကို စားပေးသင့်ပါတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေမှာဆိုရင် စားသုံးသင့်တဲ့ သံဓာတ်ပမာဏက ဒီထက်ပိုများပါတယ်။

လူတွေက အသား၊ငါးတွေမှာ သံဓာတ်အများဆုံးပါဝင်တယ်လို့ ထင်ထားကြပေမယ့် တချို့ ဟင်းသီးဟင်းရွက်တွေဆိုရင် အသား၊ငါးတွေထက် သံဓာတ်ပါဝင်မှုနှုန်းပိုများပါတယ်။ ဒါက သတ်သတ်လွတ်သမားတွေအတွက် သတင်းကောင်းပါဘဲ။

20161004-baked-potato-vicky-wasik-3

ဖုတ်ထားတဲ့ အာလူး

ဖုတ်ထားတဲ့ အာလူး အလုံးကြီးကြီးဆိုရင် ၃ အောင်စ ရှိတဲ့ ကြက်သားမှာပါဝင်တဲ့ သံဓာတ်ပါဝင်မှုနှုန်းထက် ၃ ဆ ပိုများပါတယ်။ ဒါကြောင့် အာလူးဖုတ်လေးကို ထောင်းပြီးစားရင်လည်း အဟာရပြည့်ဝတဲ့ ဟင်းတစ်ခွက်ရမှာဖြစ်ပါတယ်။

Kale-Tronchuda

ကိုက်လန်

ကိုက်လန်ကို ဟင်းတစ်ပွဲစာလောက်ဆို၇င် 3.6 mg သံဓာတ်ပါဝင်ပါတယ်။သူ့မှာ သံဓာတ်ပါဝင်မှုနှုန်းမြင့်တာကြောင့် သွေးအားနည်းရောဂါနဲ့ မောပန်းလွယ်မှုတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ သူ့ကို ကြော်စားစား၊ ဟင်းချိုချက်သောက်သောက် ကြိုက်နှစ်သက်သလို ချက်စားနိုင်ပါတယ်။

10372002_1385558031692888_3621384832948993682_n

ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်ကတော့ မြန်မာတွေတော်တော်များများ သိထားတဲ့ အတိုင်းပါဘဲ။ သံဓာတ်ပါဝင်မှုက အရမ်းများပါတယ်။ ဟင်းတစ်ပွဲစာလောက်ဆိုရင် 18 mg သံဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေကို ဟင်းနုနွယ်ရွက်ကြော်၊ ဟင်းနုနွယ်ရွက်ဟင်းချိုတွေ ပြင်ဆင် ကျွေးသင့်ပါတယ်။

Fresh green vegetables, isolated on white, macro close up with copy space

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းကတော့ အာဟာရ အရမ်းရှိတဲ့ ဟင်းသီးဟင်းရွက်ဘဲ ဖြစ်ပါတယ်။ သူ့မှာ သံဓာတ်အပြင် မဂ္ဂနီဆီယမ်၊ ဗီတာမင် K တို့ ပါဝင်ပါတယ်။ အဲ့ဒီအပြင် သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စွမ်းကို မြင့်တင်ပေးနိုင်တဲ့ ဗီတာမင် စီ လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ထိုင်ဝမ်မုန်ညှင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

မုန်ညှင်း

မုန်ညှင်းမှာ ဗီတာမင် A ပါဝင်ပြီး မုန်ညှင်း ဟင်းတစ်ခွက်စာဆိုရင် 1.8 mg ပါဝင်ပါတယ်။

Review

User Rating

4.8 (4 Votes)