ခေါက်ဆွဲ - Noodle Dishes | ဝက်သား - Pork | အပြုတ် - Boiled

ဝက်အူစုံ အသဲစုံ ကြေးအိုး (Vermicelli Noodle Soup with Pork Intestine)

July 20, 2016

ဝက်အူစုံ အသဲစုံ ကြေးအိုး (Vermicelli Noodle Soup with Pork Intestine)

Share this on:

DSC_8087

13692319_1078785415502835_1346065197_o

ပါဝင်ပစ္စည်းများ

  • ဝက်ရိုး & ကြက်ရိုး
  • ဝက်အူစုံ အသဲစုံ ၊ ဝက်သွေး
  • ငါးလုံး
  • ငုံးဥ ( ပြုတ်ထားပါ)
  • ကြက်သွန်ဖြူ
  • အချိုမှုန့်
  • ပဲငံပြာရည် အကြည်
  • ဆား
  • ငရုတ်ကောင်းမှုန့် အဖြူ
  • နှမ်းဆီ
  • ဆန်ကြာဆံ
  • မုန်ညင်းစိမ်း
  • ကြက်သွန်မြိတ်
  • တရုတ်နံနံပင်
  • ဖုဆိုင်
  • ငရုပ်သီးစိမ်း (ပါးပါးလှီးထားပါ)
  • ရှာလကာရည် - ၃ ဇွန်း (ထမင်းစားဇွန်း)
  • သကြား - တဇွန်း (လဖက်ရည်ဇွန်းသေး)
  • ဆား - အနည်းငယ်
  • ငံပြာရည် - အနည်းငယ်

ပြုလုပ်နည်း

  1. ဝက်ရိုး & ကြက်ရိုးကို ရေဆေးပြီး အိုးကြီးကြီးထဲတွင် ရေ ၊ ဆား ၊ ကြက်သွန်ဖြူ ၊ အချိုမှုန့် နှင့် ထည့်ပြုတ်ပါ ။
  2. အရိုးများ နူး၍ အရည်ကျသည် အထိ မီးမီးအေးဖြင့် ပြုတ်ပေးပါ ၊
  3. ဝက်အူစုံကို ပဲငံပြာရည် အကြည် ၊ ဆား ၊ ငရုတ်ကောင်းမှုန့် အဖြူ ၊ နှမ်းဆီ တို.နှင့် နယ်ပြီး ခဏ နှပ်ထားပါ ။
  4. ပြီးလျင် အိုးတလုံးထဲတွင် ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပါ ။ ထို ရေနွေးဆူထဲတွင် ဝက်အူစုံကို တပတ်ရစ် ပြုတ်ထားပါ ။
  5. ဆန်ကြာဆံကို ရေစိမ်ထားပါ ။
  6. မုန်ညင်းစိမ်း ၊ ကြက်သွန်မိတ် ၊ တရုတ် နံနံပင် ၊ ဖုဆိုင်တို့ကို ရေ သေသေချာချာ ဆေး၍ ၁ လက်မ ကျော်ကျော်ခန့် လှီးဖြတ်ထားပါ ။
  7. ဝက်အသဲ နှင့်၊ ဝက်သွေးကို အနေတော် လှီးထာပါ ။
  8. စားကာနီးတွင် ကြေးအိုးကို တပွဲစာ ပြင်သည့် အိုးနှင့် တပွဲစီ ထည့်၍ ပြုတ်ပါ ။
  9. အိုးထဲတွင် တပွဲစာ ဟင်းရည် ထည့်၍ ဆူအာင်တည်ပါ ။
  10. ဟင်းရည် တည်နေချိန်တွင် ငါးလုံး ၊ ငုံးဥ ၊ ဝက်အသဲ ၊ ဝက်သွေး ၊ တပတ်ရစ် ပြုတ်ထားသည့် အူများကို လှီးပြီး ထည့်ပါ ။
  11. ပြီးလျင် ဆန်ကြာဆံကို တပွဲစာ ထည့်ပြုတ်ပါ ။ အရွက်စိမ်းကို နောက်ဆုံးမှ ထည့်ပါ ။
  12. ဟင်းရည် ပွက်ပွက် ဆူလာလျှင် ပန်းကန်ထဲကို လောင်းထည့်ပါ။
  13. အချဉ်ရည်အတွက် - ငရုပ်သီးစိမ်းကို ပါးပါးလှီး ၊ ရှာလကာရည် ၃ ဇွန်း ၊ သကြား တဇွန်း ၊ ဆား အနည်းငယ် ၊ ငံပြာရည် အနည်းငယ် နှင့် ရေကျတ်အေး အနည်းငယ် ထည့်ပြီး အားလုံးကို ထည့်မွှေ ပြီးလျှင် အချဉ် နဲ့ အပေါ့ အငံကို မြည်း၍ လိုတာ ထပ်ထည့်ပါ ။
  14. Sirichai ငရုတ်ဆီနှင့်ပါ တွဲ၍ စားနိုင်ပါသည် ။
  15. ဝက်သား ၃ထပ်သားကို ငရုတ်ဆီနှင့် သုတ်ထာတာနှင့်လည်း တွဲ၍ စားနိုင်ပါသည် ။
My Food Myanmar

Review

User Rating

5 (5 Votes)