အားလုံးပဲ မင်္ဂလာပါ။ လက်ဖက်ရည်ဆိုင်၊ အကြော်ဆိုင်တွေမှာ ဟင်းရွက်ကော်ပြန့်ကြော်၊ ပြောင်းဖူးကော်ပြန့်ကြော်၊ အသားကော်ပြန့်ကြော် စသည်ဖြင့် ကော်ပြန့်ကြော် အမျိုးမျိုး စားသုံးဖူးကြပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါမှာ မိတ်ဆက်ပေးချင်တာကတော့ ဗီယက်နမ်စတိုင်လ် ပြင်ဆင်ချက်ပြုတ်ထားတဲ့ အသားကော်ပြန့်ကြော်ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပြင်ဆင်ကြော်လှော်ရတာလည်း မခက်ခဲတဲ့အတွက်ကြောင့် အားလပ်ရက်တွေမှာ မိသားစုဝင်များနဲ့ ပျော်ပျော်ပါးပါး ပြုလုပ်စားသောက်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်ပြုလုပ်ထားသော ဂျုံအပြား
  • ဝက်သား (သို့) မိမိကြိုက်နှစ်သက်ရာအသားတစ်မျိုးမျိုး ၁ ပေါင်ခန့်
  • စိမ်းစားဥ အလယ်အလတ်ဆိုဒ် ၁ လုံး
  • ပါးပါးလှီးထားသော ကြက်သွန်နီ ပန်းကန်လုံး ၃ ပုံ ၂ ပုံ ခန့်
  • မှိုခြောက် အနည်းငယ်

Photo Source: www.ctfresh.com.sg

  • ၁ လက်မ (သို့) ၁ လက်မခွဲ လှီးဖြတ်ထားသော ဂျုံကြာဇံ
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဂျုံကြာဇံနဲ့ မှိုခြောက်ပန်းခြောက်များကို မိနစ် ၃၀ ခန့် နူးညံ့ပျော့ပျောင်းလာသည်အထိ ရေနွေးပူထဲမှာ စိမ်ထားလိုက်ပါ။

ထိုအချိန်တွင် ကြက်သွန်နီနဲ့ စိမ်းစားဥကို ပါးပါးလှီးထားပါ။

မိနစ် ၃၀ ပြည့်ပြီးနောက် ကြာဇံနဲ့ မှိုခြောက်များကို ရေနွေးပူထဲမှ ဆယ်ယူလိုက်ပြီး ပန်းကန်လုံးအကြီးထဲသို့ ထည့်လိုက်ပါ။ ထိုပန်းကန်လုံးထဲသို့ ကြက်သွန်နီ၊ ငရုတ်ကောင်း၊ သကြားထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။

ထို့နောက် နုတ်နုတ်စင်းထားသော ဝက်သားများကို ပန်းကန်လုံးထဲ ထပ်ထည့်ပြီး ထပ်နယ်ပါ။ နောက်ဆုံးကျမှ စိမ်းစားဥထည့်ပြီး ထပ်နယ်လိုက်ပါ။

ထို့နောက် အသင့်ပြုလုပ်ထားသော ဂျုံပြားကို ခေါက်လိုက်ပြီး နယ်ထားသော အစာများကို ဂျုံပြားပေါ်သို့တင်ပြီး ပုံမှာ ပြထားတဲ့အတိုင်း တစ်ဆင့်ချင်းစီ ခေါက်လိုက်ပါ။

ရရှိလာသော အသားကော်ပြန့်စိမ်းများကို အပူချိန် ၃၂၅ ဒီဂရီဖာရင်ဟိုက် ထားပြီး ကြော်လိုက်ပါ။  တစ်လိပ်ကို ၁၂ မိနစ်၊ ၁၆ မိနစ်ခန့် ကြော်ပေးပါ။ ရွှေညိုရောင်သမ်းလာပါက အထဲက သွပ်ထားသောအစာများ ကောင်းကောင်းကျက်သွားပြီဖြစ်လို့ အိုးထဲမှ ဆယ်ယူလိုက်ပါ။

ဒါဆိုရင်တော့ ဗီယက်နမ်စတိုင်လ် အသားကော်ပြန့်လိပ်ကို ပူပူနွေးနွေးလေးနဲ့ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.hungryhuy.com