အားလုံးပဲ မင်္ဂလာပါ။ ခေါက်ဆွဲပြုတ်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ ဗီယက်နမ်စတိုင်လ် ဝက်သားကင် ခေါက်ဆွဲပြုတ်ပြုလုပ်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား တစ်ပေါင်ခွဲခန့်
  • ဂျုံခေါက်ဆွဲ တစ်ထုပ်
  • ကော်ပြန့်လိပ် ၄ လိပ် (သို့) ၆ လိပ် (မထည့်လည်း ရပါတယ်)
  • သကြား အနည်းငယ်

  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း တစ်ဝက်
  • ငရုတ်ကောင်းအနည်းငယ်

ချက်ပြုတ်ပြီးပါက အလှဆင်ရန် လိုအပ်သောပစ္စည်းများ

  • ပင်စိမ်းရွက်
  • သခွားသီး
  • မြေပဲ

ပြုလုပ်နည်းအဆင့်ဆင့်

ဝက်သားတုံးများကို အနေတော်အတုံး တုံးထားပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ပါးပါးလှီးပြီး ဇလုံထဲထည့်လိုက်ပါ။ ထိုဇလုံထဲသို့ သကြား၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ ငရုတ်ကောင်း၊ ဆီအနည်းငယ်နဲ့ သကြားတို့ထည့်ကာ သမအောင် နယ်လိုက်ပါ။

ထို့နောက် ဝက်သားထပ်ထည့်ပြီး ထပ်နယ်လိုက်ပါ။ အသားထဲ အနှစ်များစိမ့်ဝင်ဖို့ရန်အတွက် အနည်းဆုံး တစ်နာရီစောင့်ပေးရပါမယ်။ (တစ်ည သိပ်ထားမယ်ဆိုရင်တော့ အရသာပိုမိုကောင်းမွန်ပါတယ်)

ဂျုံခေါက်ဆွဲကို အထုပ်ပေါ်က အညွှန်းအတိုင်း ပြုတ်ပြီးနောက် ဇကာနဲ့ အခုလိုပဲ အရည်စစ်ထားလိုက်ပါ။ အရည်စစ်ထားတဲ့အချိန်မှာ ဝက်သားကို အပူချိန် ၃၇၅ ဒီဂရီဖာရင်ဟိုက်နဲ့ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ခန့် မီးကင်ထားလိုက်ပါ။

အဲ့ဒီနောက်မှာတော့ တစ်ဆင့်ချင်းစီအလှဆင်ဖို့ အချိန်ကျရောက်လာပါပြီ။ ပထမဦးဆုံး ပန်းကန်လုံးထဲသို့ ပင်စိမ်းရွက်တွေ ထည့်လိုက်ပါ။ ခေါက်ဆွဲပြုတ်ထည့်ပါ။ ထို့နောက် ပါးပါးလှီးထားသော သခွားသီးနဲ့ မုန်လာဥနီများကို ခေါက်ဆွဲပေါ်တင်ပြီး ကင်ထားသော ဝက်သားများကိုလည်း ထပ်ထည့်လိုက်ပါ။

ကော်ပြန့်ကြော်ကို အညီအမျှပိုင်းပြီး မြေပဲနှင့် ဆီအနည်းငယ်ထည့်ကာ အရသာရှိလှတဲ့ ဝက်သားကင် ခေါက်ဆွဲပြုတ်ကို သုံးဆောင်နိုင်ပါပြီ။

Source: www.hungryhuy.com