ထမင်းစားတဲ့အခါ ပိုမိုစားမြိန်စေမယ့် ဝက်နံရိုး အာလူးစွပ်ပြုတ်လေး လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်နံရိုး ၁ ပေါင်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ဟင်းသီးဟင်းရွက် ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

  • အာလူး အကြီး ၁ လုံး
  • ရေ ၁.၁၈ လီတာ
  • မုန်လာဥနီ အကြီး ၁ လုံး
  • ပန်းဂေါ်ဖီ တစ်ခြမ်း
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်နံရိုးကို ခုတ်ထစ်ပြီးနောက် ရေစင်အောင် ဆေးထားလိုက်ပါ။ ထို့နောက် အိုးတစ်လုံးထဲမှာ ရေတစ်ဝက်ထည့်ပြီး ဝက်နံရိုးထည့်၊ ဆားထည့်ကာ ၅ မိနစ်ခန့် ပြုတ်လိုက်ပါ။ ၅ မိနစ်ပြည့်တဲ့အခါ အိုးထဲက ရေကို သွန်လိုက်ပစ် ဝက်နံရိုးတွေကို ရေစင်စင် ထပ်ဆေးပေးရပါမယ်။

၂။ ထိုဝက်နံရိုးများကို ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်နဲ့ ကြက်သွန်နီ(တစ်ဝက်) တို့ဖြင့် နယ်ထားပြီးနောက် မိနစ် ၃၀ ခန့် စိမ်ထားလိုက်ပါ။

၃။ အိုးတစ်လုံးကို မီးအပူပြင်းပြင်းဖြင့် တည်ထားပြီး ဟင်းရွက်ဆီထည့်ကာ တည်ထားလိုက်ပါ။ ကျန်ရှိတဲ့ ကြက်သွန်နီ ထည့်ပြီး ၁ မိနစ်၊ ၂ မိနစ်ခန့် တည်ထားလိုက်ပါ။

၄။ စောစောက စိမ်ထားသော ဝက်နံရိုးများကို အိုးထဲထည့်ကာ တစ်မိနစ်မှ ၂ မိနစ်အထိ မွှေပေးလိုက်ပါ။ (စိမ်ထားသော ဝက်နံရိုးအရည်များကိုတော့ မထည့်ပါသေးပါနဲ့ဦး)

၅။ အိုးထဲသို့ ရေ ၁.၁၈ လီတာထည့်ပြီး ဝက်နံရိုးအရည်များပါ ထည့်ပြုတ်လိုက်ပါ။ အိုးအဖုံး ဖုံးထားပြီး မိနစ် ၃၀ ခန့် တည်ထားလိုက်ပါ။

၆။ အနေတော် အတုံးလှီးထားသော မုန်လာဥနီများ ထပ်ထည့်ပြီး ၅ မိနစ်မှ ၁၀ မိနစ်အထိ တည်ထားလိုက်ပါ။

၇။ အာလူးနဲ့ ပန်းဂေါ်ဖီများ ထပ်ထည့်ပြီး နူးအိလာသည်အထိ တည်ထားလိုက်ပါ။ ထို့နောက် ဆားထည့်ကာ အရသာ အပေါ့အငန်မြည်းကြည့်လိုက်ပါ။

ထမင်းစားခါနီးကျမှ ပန်းကန်ထဲထည့်ပြီး ကြက်သွန်မြိတ်ထည့်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: vickypham.com