ကျွမ်းကျင်မှု၊ ငွေကြေးတွေနဲ့ အချိန်တွေထက် အရသာကောင်းတဲ့ ဟင်းလျာဖြစ်ဖို့ အကြီးမားဆုံး အတားအဆီးက ယုံကြည်မှုမရှိခြင်းဘဲဖြစ်ပါတယ်။

ကိုယ်ချက်တဲ့ဟင်းလျာကို ယုံကြည်မှုရှိရှိ ချက်ပြုတ်ရင်တော့ အကောင်းဆုံး မီးဖိုချောင်ပစ္စည်းတွေ၊ ပါဝင်ပစ္စည်းတွေသုံးတာထက် အရသာ ပိုကောင်းတဲ့ ဟင်းလျာကို ရရှိမှာဖြစ်ပါတယ်။

ဒါကြောင့် ယုံကြည်မှုရှိရှိနဲ့ ဟင်းချက်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ကိုယ်ကြိုက်တဲ့ဟင်းကို ထပ်ခါထပ်ခါ ချက်ပြီး လေ့ကျင့်ပါ

pexels-photo-106877

လေ့ကျင့်မှုက အကောင်းဆုံးကို ပေးစွမ်းနိုင်တယ်ဆိုတဲ့ ဆိုရိုးအတိုင်း ဟင်းစချက်တဲ့သူတွေဆိုရင် ကိုယ်ကြိုက်တဲ့ဟင်းလျာ ၃ မျိုးကို အရင်ရွေးပြီး ထပ်ခါထပ်ခါချက်ပါ။

ဟင်းလျာ ၃ မျိုးကို ကျွမ်းကျင်ပြီဆိုရင် နောက်ထပ် ချက်ချင်တဲ့ဟင်းလျာတွေကို စဉ်းစားပြီး စမ်းသပ်ချက်ပြုတ်နိုင်ပါတယ်။

ဟင်းချက်အညွှန်းကို ကိုယ်နားလည်သလို ပြန်ရေးချပါ

writing-notes-idea-conference

သူများ ရေးထားတဲ့ ဟင်းချက်အညွှန်းတွေက ရှုပ်ထွေးနေတတ်ပါတယ်။ ဒါကြောင့် ဟင်းချက်အညွှန်းကို ကိုယ်နားလည်သလို ပြန်ရေးချပါ။ ပြီးရင် စမ်းသပ်ချက်ပြုတ်ပြီး ဘယ်လိုနေရာမှာ ဘာတွေပြင်ဆင်ရမလဲဆိုတာ ထပ်ပြီး ဖြည့်ရေးပါ။

ဓားနဲ့ အကျွမ်းတ၀င်ရှိအောင် လုပ်ပါ

food-vegetables-wood-knife

စားဖိုမှူးတွေလို ဓားတွေအများကြီးသုံးပြီး ကျွမ်းကျင်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ဘယ်လို ဓားမျိုးဆို အသားလှီးလို့ကောင်းတယ်၊ ဘယ်ဓားဆိုရင် အသီးအခွံခွာဖို့ ကောင်းတယ်ဆိုတာတော့ သိထားသင့်ပါတယ်။

အဲ့ဒီအပြင် ဘယ်လိုလှီး၊ ဘယ်လိုခွာရမလဲဆိုတာလည်း လက်တွေ့သိထားသင့်ပါတယ်။

မီးဖိုချောင်ကို သန့်ရှင်း ရှင်းလင်းအောင် ထားပါ

pexels-photo-94865

မီးဖိုချောင်က သန့်ရှင်း ရှင်းလင်းနေမှလည်း ကိုယ်ချက်တဲ့အစားအစာတွေကလည်း အရသာပိုကောင်းစေမှာပါ။ ဒီအချက်က စားသောက်ဆိုင်တွေမှာ ချက်လေ့ရှိတဲ့ ကျွမ်းကျင်သူတချို့ကတော့ လက်ခံမှာမဟုတ်ပါဘူး။

အခုမှ ဟင်းစချက်တဲ့သူတွေအတွက် သန့်ရှင်းပြီး သပ်ရပ်နေတဲ့ မီးဖိုချောင်ထဲမှာ ချက်မှ စိတ်ရှင်းလင်းပြီး သေချာ အာရုံစိုက်နိုင်မယ့်အပြင် မီးဖိုချောင်ပစ္စည်းတွေကိုလည်း အလွယ်တကူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အချိန်ဘယ်လောက်အတွင်း ဟင်းချက်ပြီးရမယ်ဆိုပြီး သတ်မှတ်ထားပါ

pexels-photo-210528

ဟင်းစချက်တဲ့သူတွေကြုံတွေ့ရမှာကတော့ ဟင်းတစ်ခါချက်ရင် အချိန်ကြာတတ်ကြပါတယ်။ ဟင်းချက်တာ ကြာလေလေ ငြီးငွေ့ပြီး အရသာကောင်းတဲ့ဟင်းလျာတွေလည်း ရတော့မှာမဟုတ်ပါဘူး။

ဒါကြောင့် ဟင်းလျာတစ်ခုကို မိနစ် ၃၀ အတွင်းချက်မယ်စသဖြင့် ဟင်းလျာအပေါ်မူတည်ပြီး ပြီးနိုင်လောက်တဲ့အချိန်ကို သတ်မှတ်ပြီး ချက်ပါ။

ခနောကြက်သားမှုန့်

Knorr Pico KV

ခနောကြက်သားမှုန့်ကလည်း ဟင်းလျာတွေကို အနံ့အရသာနဲ့ ပြည့်စုံအောင်ကူညီပေးနိုင်တာကြောင့် ဟင်းချက်ရာမှာလည်းပိုပြီး ယုံကြည်မှုရှိစေပါတယ်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံရဲ့ အစားအသောက်အမျိုးမျိုးရဲ့ ဟင်းလျာတွေကို အရသာပိုမို ထူးကဲအောင် ခနောက ကူညီပေးပါလိမ့်မယ်။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံရှိ မတူညီတဲ့ တိုင်းရင်းသားများရဲ့ ချက်ပြုတ်နည်းတွေနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ဟင်းလျာတွေအရသာ ထူးကဲကောင်းမွန်ပြီး မိသားစုနဲ့ အမှတ်တရ အချိန်တွေကို ခနောကြက်သားမှုန့်နဲ့အတူ ဖန်တီးလိုက်ပါ။