ပုဇွန်ကင်စားမယ်ဆိုရင်တော့ ပုဇွန်လတ်ဆက်မှအရသာရှိမှာပါ။ ပုဇွန်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။ သံလွင်ဆီ အနည်းငယ်ထည့်ပါ။ (ရိုးရိုးဆီ အသုံးပြုလို့ရပါတယ်)

ဆားအနည်းငယ်မျှ ထည့်ပြီးနယ်ပါ။ ဝါးတံဖြင့် တစ်ကောင်ချင်းစီထိုးပြီး မီးသွေးမီးဖိုပေါ်တွင် သံဇကာတင်၍ အနံ့မွှေးလာသည်ထိကင်ပြီး အသင့်စားသုံးနိုင်ပါပြီ။

ပုဇွန်ကင်ဆော့ပြုလုပ်နည်း

  • ငံပြာရည် – ၆ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • သံပုရာရည် – ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ – ၈ မွှာ
  • ငရုပ်သီးအစိမ်း၊ ငရုပ်သီးအနီ – ၄ တောင့်စီ

ပထမဆုံး ကြက်သွန်ဖြူ, ငရုပ်သီးအစိမ်း+ အနီ တို့ကိုငရုပ်ဆုံထဲ ရောထည့်ပြီး မညက်တစ်ညက် ထောင်းပါ။ ငံပြာရည်၊ သကြား၊ သံပုရာရည် တို့ကို ပါဝင်အချိုးအစားအတိုင်း ထည့်ပြီးမွှေပါ။ (အစပ် နှင့် အချဉ်)ကို မိမိကြိုက်နှစ်သက်သလောက် ပိုထည့် ၊ လျှော့ထည့်လို့ရပါတယ်။