အာရုံကြောစနစ်က ခန္ဓာကိုယ်မှာ အရှုပ်အထွေးဆုံးနဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

အသက်ရူတာ၊ နှလုံးခုန်တာ၊ ဗိုက်ဆာတာ၊ ရေဆာတာ စသည့် ခန္ဓာကိုယ်ရဲ့ အချက်ပေးမှု လုပ်ငန်းဆောင်တာတွေ အားလုံးနဲ့ သက်ဆိုင်ပါတယ်။

စိတ်ဆိုးတာ၊ ဝမ်းနည်းတာ၊ ဝမ်းသာတာစသည့် ဘဝတန်ဖိုးရှိမှုပုံစံတွေနဲ့လည်း သက်ဆိုင်ပါတယ်။

အာရုံကြောစနစ် အားကောင်းစေဖို့စားပေးသင့်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

အုတ်ဂျုံ

အုတ်ဂျုံက အာရုံကြောစနစ်ကို တည်ငြိမ်စေပါတယ်။ ညအိပ်မပျော်တာတို့၊ စိတ်လှုပ်ရှားမှု၊ ဒေါသထွက်တာတွေကို သက်သာစေပါတယ်။

အုတ်ဂျုံကို ဟင်းသီးဟင်းရွက်၊ အခွံမာအသီးတွေနဲ့ သစ်ကြမ်းပိုးခေါက်တို့နဲ့ တွဲစားပေးလို့လည်းရပါတယ်။

မဂ္ဂနီဆီယမ်ဓာတ်

မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့ရင် ညအိပ်မပျော်တာ၊ စိတ်လှုပ်ရှားတာ၊ စိတ်ပူပန်တာနဲ့ အာရုံကြောအားနည်းတာတွေ ဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တဲ့ အစားအစာများမှာ

ချောကလက်: အမည်းရောင် ချောကကလက် ၃.၅ ပေါင် မှာ မဂ္ဂနီဆီယမ်ဓာတ် 500mg ပါဝင်ပါတယ်။

အစိမ်းရောင် အရွက်တွေကိုလည်း စားပေးသင့်ပါတယ်။

အသီးအနှံမှာဆိုရင် ငှက်ပျောသီး၊ ထောပတ်သီး၊ ဖရဲသီး၊ ဇီသီး တို့ကို များများစားပေးပါ။

အခွံမာအသီးမှာဆိုရင် Almonds၊ သီဟိုစေ့ စတာတွေကို စားပေးရပါမယ်။

အဲ့ဒီအပြင် ဗရုံသီး၊ အာလူး၊ ထမင်းတို့မှာလည်း မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

နေရောင်ခြည်

နေရောင်ခြည်က အာရုံကြောစနစ်အတွက်ကောင်းပါတယ်။ အဲ့ဒီအပြင် နေရောင်ခြည်ကနေ ဗီတာမင် D လည်းရရှိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက် မနက်ခင်း နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။

ဖိနပ်မစီးဘဲ လမ်းလျှောက်ပေးပါ

စိုစွတ်တဲ့ မြေကြီးတွေ၊ မြက်တွေ၊ ပင်လယ်၊ မြစ်ချောင်း၊ သဲသောင်ပြင်တွေပေါ်မှာ ဖိနပ်မစီးဘဲ လမ်းလျှောက်ပေးပါ။

ဒီလို လုပ်ဆောင်ပေးတာဟာ အီလက်ထရောနစ်ပစ္စည်းတွေကို ထိတွေ့မှုကြောင့် Electromagnetic Radiation တွေ ခန္ဓာကိုယ်ထဲဝင်ရောက်နေတာကို ထုတ်ပယ်ပေးပါတယ်။