ကိုရီးယား ဟင်းလျာလေးချက်စားရအောင်။ ကိုရီးယားမှာရော မြန်မာနိုင်ငံမှာပါ နာမည်ကြီးတဲ့ ကိုရီးယားထမင်းသုတ်ခေါ် ဘီဘင်း(မ်)ဘပ် လေးချက်စားရအောင်။ အရသာရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ အမဲသား ငရုတ်သီးနှစ်ခေါ် ဆိုဂိုဂီ ဘီဘင်းမ် ဂိုချူဂျန်း(Bibimbap Gochujang with Roasted Beef)ကို အသုံးပြုပြီး လုပ်စားရအောင်နော်။

Gochujang ဆိုတာက လွန်ခဲ့တဲ့ နှစ် ၁ထောင်ကျော်ကတည်းက ကိုရီးယားရဲ့ နာမည်အကြီးဆုံး အနှစ်ချက်နည်းဖြစ်ပါတယ်။

ငရုတ်သီးအနှစ်၊ စေးကပ်နေတဲ့ထမင်း၊ ပဲပုပ်နဲ့ ဆားတို့နဲ့ပြုလုပ်ထားပါတယ်။ ကင်မ်ချီလိုပါဘဲ Gochujang က နေရောင်အောက်မှာဘဲ အချဉ်ဖောက်တာဖြစ်ပါတယ်။

သူ့မှာ ပရိုတင်းဓာတ်၊ antioxidants နဲ့ ဗီတာမင်ဓာတ်တွေပါဝင်တဲ့အပြင် အဆီဓာတ်နဲ့ကယ်လိုရီပါဝင်မှုလည်း အရမ်းနည်းတာကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပါတယ်။

 

Bibimbap Gochujang with Roasted Beef ရဲ့ ပါဝင်ပစ္စည်းများ

Gochujang အနှစ်၊ အမဲသား၊ ရေ၊ အရက်၊ ငရုတ်သီး၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဆား၊နှမ်းစေ့၊ ကြက်သွန်နီ စတာတွေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

IMG_0187

ကျန်းမာရေး အကျိုးကျေးဇူး

အဆီဓာတ်ပါဝင်မှုနည်းပြီး ပရိုတင်းဓာတ်ပါဝင်မှုများတာကြောင့် ကြွက်သား တစ်ရှူးတွေ တည်ဆောက်ရာမှာ အထောက်အကူပြုပါတယ်။

ဗီတာမင်ဓာတ်- Gochujang မှာ ဗီတာမင် B2 နဲ့ ဗီတာမင် စီတို့လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် B2 က ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်။ ဗီတာမင်စီက ကင်ဆာဖြစ်စေတဲ့ Free radical ကြောင့် ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။ အဲ့ဒီအပြင် နှလုံးရောဂါဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးပါတယ်။

Vitamin C

Capsicin ဓာတ်– ဒီဓာတ်က စပ်တဲ့ အစားအစာတွေမှာပါဝင်တဲ့ ဓာတုတစ်မျိုးဖြစ်ပြီး ဇီဝကမ္မဖြစ်စဉ်နဲ့ အဆီလောင်ကျွမ်းမှုကို တိုးမြင့်စေပါတယ်။ ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရ Capsicin ဓာတ်က ကိုယ်အလေးချိန်ကိုလျော့ကျစေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် Capsicin ဓာတ်က ဆီးကျိတ်ကင်ဆာကို ကုသရာမှာလည်း အထောက်အကူပြုပါတယ်။

Chili Capsaicin Pepperoni Paprika

ဘီဘင်း(မ်)ဘပ် ခေါ် ကိုရီးယား ထမင်းသုတ်

23456532_1389007657892151_683073209841885663_o

ဘီဘင်း(မ်)ဘပ် ခေါ် ကိုရီးယား ထမင်းသုတ် တစ်ပန်းကန်စာ ချက်ဖို့အတွက် ထမင်းတစ်ပန်းကန်၊ အရွက် ၂ သို့ ၃ မျိုး၊ ရေညှိ၊ ငရုတ်သီးအနှစ်၊ ပဲငံပြာရည်၊ နှမ်းဆီမွှေး နဲ့ နှမ်းတို့လိုအပ်ပါတယ်။

ဟင်းချက်ပြုတ်နည်းမှာ ပါတဲ့ သာမာန် ဂိုချူဂျန်းခေါ် ငရုတ်သီးအနှစ်ကို မသုံးပဲ အထူးသီးသန့် အမဲသား ငရုတ်သီးနှစ်ခေါ် ဆိုဂိုဂီ ဘီဘင်းမ် ဂိုချူဂျန်းကို အသုံးပြူမယ်ဆိုရင်တော့ ပိုကောင်း ပိုစိမ့်ပြီးမ့်ပြီး ရှိပါတယ်။

ဟင်းချက်နည်း အသေးစိတ်ကို သိချင်ရင် ယခုဖော်ပြထားတဲ့ link ကို ၀င်ကြည့်ပါ။

Enjoy K Food in Myanmar Facebook Page

enjoy-kfood

ဘယ်မှာဝယ်လို့ရသလဲ

ဒီလို အရသာကောင်းပြီး အာဟာရကြွယ်ဝတဲ့ အမဲသား ငရုတ်သီးနှစ်ခေါ် ဆိုဂိုဂီ ဘီဘင်းမ် ဂိုချူဂျန်း (Bibimbap Gochujang with Roasted Beef) ကို City Mart နဲ့ Ocean Supercenter တို့မှာ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။

IMG_0057