သင်တနေ့တနေ့ဝယ်ယူစားသုံးနေတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူတဲ့အခါမှာ လတ်လတ်ဆတ်ဆတ်ရှိနေဖို့ လိုအပ်ပါတယ်။ ထိုအသီးအရွက်တွေကို ကြီးထွားဖွံ့ဖြိုးစေဖို့ အသုံးပြုထားတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကို စားသုံးမိလိုက်တဲ့အခါ လူတွေရဲ့ခန္ဓာကိုယ်အတွင်းမှာ ဖြစ်တည်သွားနိုင်ပါတယ်။

အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသင့်တဲ့ အကြောင်းအရင်းသုံးချက်

ဦးနှောက်ကျန်းမာဖို့

ကျန်းမာရေးသုတေသီများရဲ့ဖော်ပြချက်အရ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေဟာ အဆိပ်အတောက်ဖြစ်စေနိုင်ပြီး လူသားများသာမက တိရစ္ဆာန်များကိုပါ အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။

ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချပေးခြင်း

ပိုးသတ်ဆေးတွေ အမြောက်အမြားအသုံးပြုထားသည့် ဟင်းသီးဟင်းရွက်တွေကို အများအပြားစားသုံးမိသည့်အခါ ကင်ဆာရောဂါများကိုဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် သေချာဆေးကြောပြီးမှ စားသုံးပေးသင့်ပါတယ်။

ကလေးများ၏ကျန်းမာရေးကို ကာကွယ်နိုင်ဖို့

ကလေးတွေရဲ့ကိုယ်တွင်းအင်္ဂါများက ကြီးထွားဖွံ့ဖြိုးနေဆဲအချိန်တွင်ဖြစ်လို့ လူကြီးများထက်ပိုပြီး အဆိပ်အတောက်များ ပိုဖြစ်ပေါ်နိုင်ခြေများလှပါတယ်။ ဒါ့အပြင် ကလေးတွေမှာ ဦးနှောက်ကင်ဆာဖြစ်ပေါ်လာစေနိုင်လို့ အထူးသတိထားပါ။

အသီးအရွက်တွေကို ပိုးသတ်ဆေးကင်းအောင် ဘယ်လိုဆေးကြောကြမလဲ

ရေအေးနဲ့ပွတ်သပ်ဆေးပေးခြင်း

သုတေသီတို့ရဲ့ပြောစကားများအရ အသီးအရွက်များကို ရေအေးနဲ့ပွတ်သပ်ဆေးကြောပေးမယ်ဆိုရင် ပိုးသတ်ဆေး ၈၀ ရာခိုင်နှုန်းအထိ ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း စပျစ်၊ ပန်းသီး၊ မာလကာသီး၊ သရက်၊ သစ်တော်သီး၊ ခရမ်းချဉ်သီး၊ ရုံးပတီသီးတို့ကတော့ နှစ်ခါ၊ သုံးခါလောက်ရေဆေးပေးဖို့လိုပါတယ်။

ဆားရေကိုအသုံးပြုခြင်း

ရိုးရိုးရေကိုပဲအသုံးပြုခြင်းထက် ဆားရေကိုအသုံးပြုတာက ပိုးသတ်ဆေးတွေကို ပိုမိုကောင်းမွန်စွာ ဖယ်ရှားပစ်နိုင်ပါတယ်။ ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေနွေးလေးခွက်စာနှင့်ရောနှောပြီး အေးသွားပြီဆိုသည်နှင့် အသီးအရွက်တွေကို နာရီဝက်စိမ်ကာ ရေအေးနှင့်ပွတ်သပ်ဆေးကြောပစ်နိုင်ပါတယ်။

Veggie Wash ဖြင့်ဆေးကြောသန့်စင်ခြင်း

ဂျပန်နိုင်ငံမှ တိုက်ရိုက်တင်သွင်းလာတဲ့ Veggie Wash သဘာဝကယ်လ်ဆီယမ်အမှုန့်ဟာ ဟိုကိုင်းဒိုးကျွန်းအနီးတဝိုက်မှ ကမာခွံတွေကနေ သဘာဝအတိုင်းထုတ်လုပ်ထားပြီး သုံးစွဲရတာလည်း အင်မတန်လွယ်ကူပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဓာတ်ခွဲခန်းတို့၏ ခွင့်ပြုချက်တို့ဖြင့် တရားဝင်တင်သွင်းရောင်းချတာဖြစ်လို့ မိသားစုဝင်တွေရဲ့ကျန်းမာရေးအတွက် စိတ်ချလက်ချအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Veggie Wash ရဲ့အသေးစိတ်ကို သိရှိလိုပါက အောက်ဖော်ပြပါ ဗီဒီယိုလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Veggie Wash ကို MyFood Myanmar မှာလည်း ရောင်းချပေးနေတာဖြစ်လို့ Chat Box မှာ နာမည်၊ ဖုန်းနံပါတ် ပေးလို့ဖြစ်စေ၊ ဖုန်းဖြင့် ဆက်သွယ်လို့ဖြစ်စေ မှာယူနိုင်ကြပါပြီ။