ဝိတ်ချဖို နည်းလမ်းတွေ ရှာနေပါလား? မင်းတစ်ယောက်ထဲ မဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ရှိတဲ့ လူတော်တော်များများဟာ ဝိတ်ကျဖို့ အသည်းအသန် ကြိုးစားနေသူတွေချည်းပါ။ ဝိတ်ချဖို့တင်မဟုတ်ဘဲ အလေးချိန်ကိုပါ တစ်ခါထဲ ထိန်းထားချင်ကြပါတယ်။ နည်းလမ်းတွေကတော့ အများကြီးပါ။ အစားအစာ စိတ်ဝင်စားသူတွေ အတွက်ကတော့ အစားအစာတွေ အသီးအနှံတွေဆို ပိုစိတ်ဝင်စားကြပါတယ်။

အခု ပြောပြမယ့် နည်းတွေကတော့ သဘာဝအတိုင်း ကျစေမယ့် နည်းတွေပါ။

၁။ ပန်းသီး ဗနီကာ

ပန်းသီး ဗနီကာဟာ တော်တော်အသုံးတည့်တယ်ဆိုတာ သိကြပြီး ဖြစ်ပါလိမ့်မယ်။ သူက စွယ်စုံသုံး ဟင်းခတ်ပစ္စည်း ဖြစ်ပြီး ဝိတ်ချတဲ့ နေရာမှာလည်း အသုံးဝင်ပါတယ်။ မြောက်အာဖရိကမှာတော့ နှစ်ပေါင်းများစွာထဲက ဝိတ်ထိန်းဖို့အတွက် ပန်းသီး ဗနီကာကို သုံးကြပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ဇွန်းတစ်ဇွန်း ဒါမှမဟုတ် စားပွဲတင်ဇွန်းတစ်ဝက်လောက်ဆို လုံလောက်ပါပြီ။

၂။ ပျားရည်စစ်စစ်

ပျားရည်စစ်ဟာ ကိုလက်စထရောနဲ့ သွေးထဲက သကြားဓာတ်တွေ Level ကို ပြုပြင်ပြောင်းလဲပေးနိုင်ပါတယ်။ အစာကြေဖျက်အားကို အလုံးစုံ အကူအညီပေးတဲ့ အတွက် မကောင်းတဲ့ အဆီတွေကို ကျန်မနေစေပါဘူး။ နေ့တိုင်း တစ်ဇွန်း စားပေးပါ သိသာလာပါလိမ့်မယ်။

၃။ ဂျင်း

ဂျင်းဟာ အဝလွန်ခြင်းကို ထိန်းချုပ်ပေးပါတယ်။ ဂျင်းလက်ဖက်ရည်ကို တစ်နေ့တစ်ခွက်သောက်ပေးလို့ ရသလို ဟင်းချက်တဲ့ အခါမှာလည်း တစ်လက်မလောက် ထည့်ချက်ပေးပါ။

၄။ နနွင်း

ဟင်းတိုင်းမှာ ပါဝင်လို့ အထူးတလည် သတိမပြုမိတဲ့ နည်းပါ။ ဒါပေမယ့် နနွင်းဟာ အစောခြေဖျက်မှု စနစ်ကို ထောက်ပံ့ပေးလို့ မကောင်းတဲ့ အဆီတွေကိုပါ ခြေဖျက်ပေးပါတယ်။

၅။ Lemon Juice

Lemon Juice ဟာ ဝိတ်ကျဖို့အတွက် ပြောတတ်ကြတဲ့ ယုံတမ်းစကားတစ်ခုလို ဖြစ်နေပါပြီ။ ဒါပေမယ့် ဒါက တကယ် အကျိုးရှိပါတယ်။ အဝလွန်ခြင်းကို သိသိသာသာ ထိန်းပေးစေတယ်ဆိုတာကို လေ့လာသူတွေက တွေ့ရှိထားပါတယ်။ ရေဓာတ်ဖြည့်စေပြီး ကိုယ်တွင်း အဆီတွေကို ဖျယ်ရှားပေးတဲ့ အသုံးဝင်တဲ့နည်းပါ။

ဝိတ်ကျဖို့ဟာ လွယ်မလိုနဲ့ ခက်တဲ့ ခရီးစဉ်တစ်ခုပါ။ ဒါပေမယ့် ဖော်ပြထားတဲ့ နည်းတွေကတော့ အကျိုးမယုတ်စေမယ့် နည်းတွေပါ။ ဝိတ်ထိန်းပေးမယ့် တခြား အစားအစာတွေကတော့ ငါး၊ ထောပတ်သီးနဲ့ အမျှင်ဓာတ်ကြွယ်ဝစေတဲ့ အစားအစာတွေပါ။ အားလုံးပဲ ကျန်းမာလှပပြီး အသက်ရှည်အနာမဲ့ကြပါစေ။

Credit: Dailyhealth