ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်တဲ့အခါ ဘယ်လိုအစားအစာတွေ စားတတ်ကြပါသလဲ။ အများအားဖြင့်တော့ ပေါက်ပေါက်ဆုတ် စားတတ်ကြပါတယ်။ ဒါပေမယ့်လည်း တချို့နိုင်ငံတွေမှာ ပေါက်ပေါက်ဆုတ်မဟုတ်ဘဲ နာမည်ကျော်တဲ့ သရေစာတွေရှိပါသေးတယ်။ ရုပ်ရှင်ကြည့်ရင် ကမ္ဘာအနှံ့က နိုင်ငံတွေမှာ စားတတ်ကြတဲ့ သရေစာတချို့ကို မျှဝေပေးလိုက်တယ်နော်။

ဂရိ

ဂရိနိုင်ငံက လူတွေအများစုကတော့ သူတို့ရဲ့ ရုပ်ရှင်ကြည့်ချိန်မှာ ရိုးရာအစားအစာဖြစ်တဲ့ Souvlaki ဆိုတဲ့ အသားကင်ကို စားတတ်ကြပါတယ်။ အဲဒီအစားအစာက ရုပ်ရှင်ရုံအပြင်ဖက်မှာသော်လည်ကောင်း တခြားနေရာမှာတွေလည်း အလွယ်တကူ ဝယ်လို့ရပါတယ်။

အစ္စရေး

အစ္စရေးတွေကလည်း ရုပ်ရှင်ကြည့်တဲ့အခါ အခုလို အစားအစာကို စားတတ်ကြပါတယ်။ အရမ်းကို နာမည်ကြီးတဲ့ သရေစာပါ။

မက္ကစီကို

မက္ကစီကိုကလည်း Tostilocos ဆိုတဲ့ အစားအစာကို စားတတ်ကြပါတယ်။ နာမည်ကျော်အစားအစာတမျိုးဖြစ်ပြီး ရုပ်ရှင်မကြည့်ခင်နဲ့ ကြည့်ရင်းလည်း စားတတ်ကြပါတယ်။

ဖင်လန်

ဖင်လန်ကသူတွေကတော့ ဂျယ်လီချိုချဉ်လေးတွေ စားတတ်ကြတယ်နော်။

တရုတ်

တရုတ်နိုင်ငံကတော့ နေကြာစေ့၊ အခြောက်လှန်းထားတဲ့ အချဉ်သီးတွေ အဓိက စားတတ်ကြပါတယ်။

နယ်သာလန်

နယ်သာလန်နိုင်ငံကလည်း အခုလို သရေစာမျိုးကို စားတတ်ကြပါတယ်။ တစ်ခုနဲ့ တစ်ခု အရသာမတူပါဘူး။

တောင်ကိုးရီးယား

တောင်ကိုးရီးယားကတော့ ပဲစေ့လှော်တို့လို အခွံမာအသီးတွေကို စားတတ်ပါတယ်။

အိန္ဒိယ

အိန္ဒိယနိုင်ငံမှာတော့ သူတို့ရဲ့ ဒေသအစားအစာတမျိုးကို စားကြလေ့ရှိပါတယ်။ စမူဆာလိုမျိုးအစားအစာ ဖြစ်ပါတယ်။

ထိုင်ဝမ်

ထိုင်ဝမ်း ကြက်သား Popcorn ကိုစားတတ်ကြပါတယ်။ အရမ်းအရသာရှိတဲ့ သရေစာပါပဲနော်။

ဂျပန်

ဂျပန်နိုင်ငံသားတွေကတော့ ငါးသေးသေးလေးတွေကို စားတတ်ကြပါတယ်။