အထွေထွေ ဗဟုသုတ - General Knowledge

ကျန်းမာသော ဘ၀အတွက် အခြေခံသိသင့်သော ကယ်လိုရီများ

October 13, 2016

ကျန်းမာသော ဘ၀အတွက် အခြေခံသိသင့်သော ကယ်လိုရီများ

Share this on:

ကျန်းမာစွာ နေထိုင် စားသောက်မှုကို အလေ့အကျင့် တစ်ခုအနေနဲ့ ပြုလုပ်နေကြတဲ့ လူတွေ အတွက် အခြေခံ ကယ်လိုရီ တွက်ချက်ပုံတွေကို သိထားသင့်ပါတယ်။ ဒီနေ့ ကိုယ်စားလိုက်တဲ့ အစားအစာတွေရဲ့ စုစုပေါင်း ကယ်လိုရီက ဘယ်လောက် လှုပ်ရှားမှု လုပ်လိုက်တော့ ဘယ်လောက် ပြန်လောင်ကျွမ်းသွားတယ်ဆိုတာ တွက်ချက်ခဲ့ရင် ကိုယ်အလေးချိန်ကို ထိန်းပြီးသား ဖြစ်တဲ့ အပြင် ကျန်းမာတဲ့ ဘ၀ကိုလည်း ပိုင်ဆိုင်လာပါလိမ့်မယ်။ စနစ်တကျ စားသောက်ပြီး လှုပ်ရှားမှု ပြုလုပ်ပေး ခြင်းဟာ ကိုယ်ခံအားကို ကောင်းမွန်စေနိုင်ပြီး ရောဂါတွေရဲ့ အဝေးမှာ သင့်ကို ရှိနေစေမှာပါ။ မြန်မာလူမျိုးတွေနဲ့ ကိုက်ညီမယ့် ကယ်လိုရီ ရေတွက်မှုကို ရတနာပုံ သတင်းစာကနေ ကူးယူပြီး ပြန်လည် မျှဝေလိုက်ရပါတယ်။ Diet Plan သမားတွေ အတွက်ကတော့ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀ အတွင်း စားပေးရင်ပဲ အဆင်ပြေလှပါပြီ။

အစားအသောက်တွင် ပါဝင်သော ကယ်လိုရီ%

အစားအသောက် / ပါဝင်သော ကယ်လိုရီ
1) ထမင်း ၁ပန်းကန်လုံး (6ဇွန်း) / 187.5 Kcal
2) ထမင်း ၁ပန်းကန်ပြား (9ဇွန်း) / 275
3) ကြက်သားဒံပေါက် (13ဇွန်း) / 708
4) ကြက်သားဒံပေါက်(9ဇွန်း) / 525
5) ကြက်သားခေါက်ဆွဲကြော် (14ဇွန်း) / 594
6) ကြက်သားခေါက်ဆွဲကြော် (9ဇွန်း) / 396
7) ပဲပြုတ်ထမင်းဆီဆမ်း (9ဇွန်း) / 435
8) ပဲပြုတ်ထမင်းကြော် (9ဇွန်း) / 426
9) ထမင်းပေါင်း ၁ပွဲ (12ဇွန်း) / 475
10) တို့ဟူးသုပ် ၁ပွဲ / 195
11) ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး အစုံသုပ် ၁ပွဲ / 373
12) နန်းကြီးသုပ် ၁ပွဲ / 735
13) ရှမ်းခေါက်ဆွဲ ၁ပွဲ / 747
14) မုန့်ဟင်းခါး ၁ပွဲ / 268.5
15) အုန်းနို့ခေါက်ဆွဲ ၁ပွဲ / 466
16) ရခိုင်မုန့်တီ ၁ပွဲ / 126.5
17) ကြက်သား ဆီချက်ခေါက်ဆွဲ ၁ပွဲ / 475
18) ကြေးအိုး ၁ပွဲ ကြက်သား / 1588 Kcal
19) ကြေးအိုး ၁ပွဲ ကြက်သား ၁ပန်းကန်လုံး / 553
20) ဘယာကြော်၁ခု / 194
21) စမူဆာ ၃ခု / 91
22) ဘူးသီးကြော် ၁ခု / 70
23) ကော်ပြန့်စိမ်း / 76
24) ကော်ပြန့်ကြော် / 200
25) ပေါင်မုန့် ၂ချပ် / 150
26) ပေါင်မုန့် ထောပတ်သုပ် ၁ချပ် / 119
27) ကိတ်မုန့် ၁ချပ် / 118
28) ၾကက္သား ဟမ္ဘာဂါ / 580
29) ဒိုးနတ် ၁ခု / 210.5
30) ချိစ် ဆန်းဒွစ်(ခ်ျ)/ 130
31) နံပြား ၁ချပ် / 226
32) ဝက်သားပေါက်စီ ၁လုံး / 340
33) ပဲပလာတာ ၁ချပ် / 377
34) အီကြာကွေး ၁ / 314
35) ဆီထမင်း ပန်းကန်ပြားသေး ၁ / 187
36) ပဲပြုတ်ကောက်ညှင်းပေါင်း သေး ၁ / 217
37) မုန့်ကျွဲသဲ / 56
38) ထန်းသီးမုန့် / 120
39) မုန့်လင်မယား / 73
40) ဘိန်းမုန့် / 286.4
41) သာကူ မုန့်ဖက်ထုပ် / 121
42) အာလူးကြော် ၂၀ခု / 177.5
43) ငါးမုန့်ကြော် ၃ခု / 140
44) ကြက်ဥကြော် ၁ / 129
45) ကြက်ဥပြုတ် ၁ / 80
46) ပြောင်းဖူးပြုတ် ၁ / 350
47) ဂေါ်ရခါးသီးပြုတ် ၁ / 27
48) ရုံပတီသီး + ပုဇွန်ခြောက်ကြော် / 130
49) ကန်စွန်းရွက်ကြော် ၃ ဇွန်း / 41.2
50) ကြက်သား + ဘူးသီး / 95
51) ခရမ်းသီး + ပုဇွန်ခြောက် / 156 Kcal
52) ငှက်ပျောသီး သီးမွှေး / 140
53) စပျစ်သီး / 83
54) နာနတ်သီး ၁ပန်းကန်လုံး / 75
55) ဖရဲသီး ၁ပန်းကန်လုံး / 38
56) သရက်သီးမှည့် ၁ပန်းကန်လုံး / 128
57) သင်္ဘောသီး ၁ပန်းကန်လုံး / 63
58) ကျွဲကောသီး ၁ပန်းကန်လုံး / 40
59) လက်ဖက်သုပ် ၁ပွဲ / 467
60) လက်ဖက်သုပ် ၁ဇွန်း / 78
61) ဂျင်းသုပ် ၁ပွဲ / 512
62) ခရမ်းချဉ်သီးသုပ် ၁ပွဲ / 117
63) ငါးဖယ်သုပ် ၁ပွဲ / 130
64) ငါးကြင်းကြော် / 116
65) ငါးလေးဟင်း / 180
66) ဘဲဥဟင်း / 125
67) ပုဇွန်ဟင်း / 98
68) ဝက်သားဟင်း / 202
69) ကြက်သားဟင်း / 216
70) နို့ ၁ဖန်ခွက် / 168
71) ကော်ဖီ ၁ခွက် / 84
72) ကိုလာ ၁ဗူး / 103
73) လိမ္မော်ရည် ၁ခွက် / 115
74) စတော်ဘယ်ရီယို ၁ဇွန်း / 23.2
75) ထောပတ် ၁ ဇွန်း / 76 Kcal

(နံနက်စာ)
a) ကော်ဖီ +ပေါင်မုန့်ကြက်ဥကြော် / 393 Kcal
b) ကော်ဖီ +ပေါင်မုန့်ထောပတ်သုပ် / 452
c) ကော်ဖီ +ပဲပြုတ်ထမင်းကြော် / 511
d) ကော်ဖီ +ပဲပြုတ်ထမင်းဆီဆမ်း / 519
e) ကော်ဖီ +မုန့်ဟင်းခါး / 353
f) ကော်ဖီ +အုန်းနို့ခေါက်ဆွဲ / 550

(နေ့လည်စာ)
• ထမင်း + ဝက်သားဟင်း + ကန်စွန်းရွက်ကြော် + သီးစုံ ချဉ်ရည်ဟင်း + သရက်သီးမှည့် / 725 Kcal
• ထမင်း + ကြက်သားဟင်း + ပဲသီးကြော် + ချဉ်ပေါင်ဟင်း+ဖရဲသီး / 706 Kcal
• ထမင်း + ငါးဖယ်သုပ် + ဗူးညွန့်ကြော်ချက် + ပဲကြီးဆူးပုတ်ဟင်း + စပျစ်သီး / 654 Kcal

healthy food

လှုပ်ရှားမှု / မိနစ် ၃၀ အတွင်း လောင်ကျွမ်းသွားသော ကယ်လိုရီ Kcal
– လေ့ကျင့်ခန်း –
1) ထိုင်ထ / 411 Kcal
2) ရေကူး / 375 Kcal
3) ကြိုးခုန် / 333
4) ဘောလုံး / 321
5) ဘတ်စကတ်ဘော / 273
6) တစ်နာရီ 12မိုင်နှုန်း စက်ဘီးစီး / 273
7) တစ်နာရီ 5မိုင်နှုန်း ပြေးခုန် / 273
8) တင်းနစ်၊ထွေပစ်၊အားကစား / 273
9) အေရိုးဗစ်အက / 258
10) ကြက်တောင်ရိုက် / 153
11) ဂေါက်သီး / 153
12) စားပွဲတင်တင်းနစ် / 138 Kcal
13) ယောဂကျင့်စဉ် / 117
14) ဘိုးလင်းပစ် / 102

-နေ့စဉ်လှုပ်ရှားမှု-
a) လှေကားတက် / 273
b) ခြံစိုက်ပေါင်းသင်/ 153
c) တစ်နာရီ 3မိုင်နှုန်း လမ်းလျှောက် / 120
d) တံမြက်စည်းလှည်း / 84
e) ပေါ့ပါးသောအလုပ် / 69
f) ထိုင်ခြင်း / 60
g) အိပ်ခြင်း / 33 Kcal

Credit: Yadanarpon Daily

Review

User Rating

3.1 (10 Votes)