အားလုံးပဲမင်္ဂလာပါနော်။ သွားလေးတွေ ထိခိုက်ပျက်စီးရတဲ့ အဓိကအကြောင်းရင်းတွေ၊ သွားပိုးစားခြင်းကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ သကြားပါဝင်မှုမျာတဲ့အချိုရည် သောက်ခြင်း၊ ဒါမှမဟုတ် နေ့၊ည မရွေး အစာပြေမုန့်တွေ ခဏခဏစားခြင်းတွေကြောင့် ဖြစ်ပါတယ်။

သကြားပါဝင်မှုများတဲ့ အချိုရည်ဆိုရာမှာ အသင့်သောက်အချိုရည်တွေ၊ သစ်သီးဖျော်ရည်တွေလည်း ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သင့်မိသားစုဝင်အတွင်းမှာ သွားလေးတွေယိုယွင်းပျက်စီးရတဲ့အကြောင်းအရင်းတွေ ရှိနေပါသေးတယ်။ ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

၁။ ခံတွင်းသန့်ရှင်းရေးအားနည်းခြင်း

သင့်မိသားစုဝင်အတွင်း သွားလေးတွေ ကျန်းမာနေဖို့ဆိုရင်တော့ သွားနဲ့ ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ်တိုက်ပေးဖို့လိုအပ်သလို၊ ဆစ်ဂနယ်လိုမျိုး ကယ်လ်ဆီယမ်နဲ့ ဖရိုရိုဒ်ပါဝင်တဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးသင့်ပါတယ်။

၂။ သကြားပါဝင်မှုများတဲ့အစားအစာစားသုံးခြင်း

သင့်မိသားစုအတွင်း စားသုံးတဲ့အစားအစာတွေမှာ ၊ အချိုတွေ၊ မုန့်တွေ၊ စေးကပ်စေတဲ့ အစားအစာတွေ မကြာခဏစားသုံးပေးမယ်ဆိုရင်တော့ သင့်မိသားစုဝင်အတွင်း သွားလေးတွေဟာ ပျက်စီးယိုယွင်းလာစေမှာဖြစ်ပါတယ်။

၃။ အာဟာရသင့်တင့်မျှတအောင်မစားခြင်း

မိသားစုဝင်အတွင်းမှာ သကြား၊ အချိုစာတွေ၊ အဆီတွေဟာ သွားလေးတွေကို ပျက်စီးယိုယွင်းစေပါတယ်။ ကောက်ပဲသီးနှံ၊ အသား ၊ အသီးအရွက်တို့ကို သင့်တင့်မျှတအောင်စားသုံးပေးခြင်းဖြင့် မိသားစုဝင်အတွင်း သွားလေးတွေ ကျန်းမာလာစေမှာဖြစ်ပါတယ်။

၎။ ခံတွင်းခြောက်သွေ့ခြင်း

ခံတွင်းခြောက်သွေ့နေမယ်ဆိုရင်တော့ သင့်ခံတွင်းမှာ ဘက်တီးရီးယားတွေ များပြားရှင်သန်ပြီး ခံတွင်းရနံ့ဆိုးစေသလို သွားတွေကို ပျက်စီးစေပါတယ်။ ဒါ့ကြောင့် ရေဓာတ်ဖြည့်တင်းပေးဖို့လိုအပ်ပါတယ်။ ရေများများသောက်ပေးဖို့ မမေ့သင့်ပါဘူး။

ဒါ့အပြင် သွားလေးတွေပျက်စီးယိုယွင်းခြင်းမှ ကင်းဝေးစေဖို့ ကယ်လ်ဆီယမ်နဲ့ ဖလိုရိုဒ်ပါဝင်တဲ့ ဆစ်ဂနယ်လိုမျိုး သွားတိုက်ဆေးနဲ့ မနက်တစ်ကြိမ်၊ ညအိပ်ယာဝင်ခါနီးတစ်ကြိမ် သွားတိုက်ပေးခြင်းဖြင့် သွားတွေကို မနက်မှာလည်း အစားအသောက် အကြွင်းအကျန်များကြောင့် သွားပိုးပေါက်ဖြစ်ခြင်းမှ ကာကွယ်ပေးသလို ညဖက်မှာလည်း သွားမျက်နှာပြင်ပေါ်မှာရှိတဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ သွားပိုးပေါက် ငယ်လေးတွေကို ရှာဖွေ ပြုပြင်ပေးနိုင်ပါတယ်။