လူ့ဘဝဆိုတာရခဲပါတယ်။ ၁၉ ရာစုမှာ မွေးဖွားခဲ့တဲ့ အမ်မာမိုရာနို (Emma Morano) ဟာ လက်ရှိမှာ အီတလီနိုင်ငံ မြောက်ပိုင်းက မြို့တစ်မြို့ဖြစ်တဲ့ Verbania မှာ နေထိုင်ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလမှာ အသက် ၁၁၇ နှစ်ပြည့်သွားပြီဖြစ်ပြီး အခုထိ သက်ရှည်ကျန်းမာစွာနေထိုင်ရတဲ့ သူ့ရဲ့ အသက်ရှည်ဆေးကဘာပါလဲ။

Emma Morano, 116, poses for AFP photographer in Verbania, North Italy, on May 14, 2016. Emma Morano is the oldest living person in the world, and the only one left who has touched three centuries. Susannah Mushatt Jones, a New York woman several months her senior, died on May 12 evening, making Morano the world's oldest known person at 116. / AFP PHOTO / OLIVIER MORIN

“အစားလည်းဆေး ဆေးလည်းအစာ” ဆိုတဲ့အတိုင်း သူဟာတနေ့ကို ပုံမှန် ကြက်ဥအစိမ်း ၂ လုံး စားသုံးလေ့ရှိပြီး ဒါဟာ သူ့ရဲ့ သက်ရှည်ကျန်းမာရခြင်းရဲ့ လျှို့ဝက်ချက်တခုဖြစ်ပါတယ်။အသက် ၂၀ အရွယ်လောက်မှာ သွေးအားနည်းရောဂါကြောင့် တစ်နေ့ကို ကြက်ဥ (၃)လုံး ပုံမှန်စားသုံးခဲ့တာပါ။

၁။ ကြက်ဥတွေနဲ့ ကိုလက်စထရော ပါဝင်မှုနှုန်း

ကြက်ဥမှာ ကိုလက်စထရော် Cholesterol အများကြီးပါဝင်တယ်လို့ လူတွေယုံကြည်ကြဆဲဖြစ်ပါတယ်။ ဒါကလည်း မှားတော့မမှားပါဘူး။

ကြက်ဥတစ်လုံးမှာ ကိုလက်စထရော ၂၁၂ မီလီဂရမ် ခန့်ပါဝင်ပါတယ်။ မကြာသေမီက လေ့လာတွေ့ရှိချက်တခုမှာ ကြက်ဥစားသုံးတဲ့ လူ ၇၀% ခန့်မှာ ကိုလက်စထရော ပါဝင်မှုနဲ့ပတ်သတ်လို့ ဘေးထွက်ဆိုးကျိုး မရှိခဲ့ဘူးဆိုတာ တွေ့ရှိခဲ့ပါတယ်။ ကြက်ဥတွေမှာ ကောင်းမွန်တဲ့ ကိုလက်စထရောတွေ ပါဝင်ပြီး နှလုံးရောဂါ (သို့) လေဖြတ်မှု အန္တာရာယ်ကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

20141023-egg-cracking-vicky-wasik-11
၂။ စူပါအစားအစာ ကြက်ဥများ

ကြက်ဥဟာ ကမ္ဘာပေါ်ရှိ အဟာရဓါတ် အကြွယ်ဝဆုံး အစားအစာထဲက တစ်ခုပါ။ ကြက်ဥမှာ ဗီတာမင် A၊ ဖောလိတ်၊ ဗီတာမင် B5၊ ဗီတာမင် B2၊ ဖော့ထဖောရက်၊ ဆယ်လီနီယမ် နဲ့ ဗီတာမင် D၊ ဗီတာမင် E၊ ဗီတာမင် K ၊ ဗီတာမင် B6၊ ကယ်လ်ဆီယမ် နဲ့ ဇင့်စတဲ့ ဓါတ်တွေ မျှတစွာပါဝင်ပါတယ်။

သင့်ခန္တာကိုယ်အတွက် လိုအပ်တဲ့ ဓါတ်တွေ ပေါကြွယ်ဝစွာ ပါဝင်တာကြောင့် စားသုံးသင့်ပါတယ်။

eggs-fun-fact
၃။ ကြက်ဥများနှင့် Antioxidant များ

ကြက်ဥတွေမှာ မျက်လုံးအိမ် ပျက်စီးတာ၊ တိမ်စွဲတာနဲ့ ခရမ်းလွန်ရောင်ခြည်တွေကနေ ကာကွယ်ပေးတဲ့ (Lutein) လူတိန်း နဲ့ (Zeaxanthin) ဇီရာဆမ်တင်း ဆိုတဲ့ Antioxidant နှစ်မျိုးပါဝင်ပြီး သင့်မျက်လုံး ကျန်းမာရေး အတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။

အဲဒီဓါတ်တွေဟာ ကြက်ဥအနှစ်တွေမှာ အများအပြားပါဝင်ပြီး မျက်စိအာရုံခံလွှာ Macular နဲ့ မျက်စိအတွင်းတိမ် ယိုယွင်းပျက်ဆီးလာမှုကို ကာကွယ်ပေးပါတယ်။

၄။ ကြက်ဥများနှင့် ကိုယ်အလေးချိန် လျှော့ချခြင်း

ကြက်ဥတွေကို မနက်စာအဖြစ် သားသုံးပေးတာဟာ တနေ့ကို ကယ်လိုရီ ၄၀၀ ကျနိုင်တယ်လို့ အဝလွန်ခြင်းဆိုင်ရာ သုတေသန ရိုချက်စတာ (Rochester) စင်တာက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ကြက်ဥမှာ ပလိုတင်း ဓါတ် ပါဝင်မှု မြင့်မားပါတယ်။

သုတေသီတချို့က အဝလွန် အမျိုးသား၊ အမျိုးသမီးတွေကို မနက်ပိုင်း ကြက်ဥ (၂)လုံး စားတဲ့ အုပ်စုနဲ့ မစားတဲ့ အုပ်စုဆိုပြီး အဖွဲ့ နှစ်ဖွဲ့ ခွဲလိုက်ကာ ၈ ပတ်ကြာ စမ်းသပ် လေ့လာမှုပြုခဲ့ကြပါတယ်။ ကြက်ဥ ၂ လုံးစားသုံးတဲ့ အဖွဲ့က မစားတဲ့ အဖွဲ့ထက် ၆၅%လောက် ပိုပြီး ကိုယ်အလေးချိန် ကျသွားတာကို တွေ့ရှိခဲ့ပါတယ်။

record-woman-healthy-eating

၅။ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ ကြက်ဥများ

အမေရိကန်ပြည်ထောင်စု မြောက်ကာလိုလိုင်းနား တက္ကသိုလ်က သုတေသီတွေရဲ့ တွေ့ရှိချက်အရ ကြက်ဥဟာ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်ပါတယ်တဲ့။ ကြက်ဥတွေမှာ ပါဝင်တဲ့ Choline ဓါတ်ဟာ ရင်သားကင်ဆာကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ ကြက်ဥ ၁ လုံးမှာ Choline ဓါတ် ၁၂၅.၅ မီလီဂရမ် ပါဝင်ပြီး ကြက်ဥကို စားသုံးပေးတာဟာ ကင်ဆာရောဂါကို ၂၄ % ထိ တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။

ကြက်ဥတွေဟာ သင့်ရဲ့ ကျန်းမာရေးကို များစွာအထောက်အကူပြုနေတယ်ဆိုတာကို သုတေသနတွေ့ရှိချက်တွေ က ဖော်ပြနေပါတယ်။ ကဲ ကြက်ဥစားဖို့ ဘာလို့ တွန့်ဆုတ်နေမှာလဲ။ ကြက်ဥတွေကို နေ့စဉ်ပုံမှန်စားသုံးပေးပြီး အမ်မာမိုရာနို (Emma Morano) လို သက်ရှည်ကျန်းမာစွာ နေထိုင်လိုက်ကြရအောင်ပါ။

Credit: healthnfood