ငါးဟင်းကြိုက်လွန်းလို့ တစ်ခဲလေးအားရပါးရ စားလိုက်ခါမှ လည်ချောင်းထဲ ငါးရိုးစူးလို့ အရသာမခံရတဲ့အခါမျိုးကြုံဖူးကြမှာပါ။ ငါးရိုးသေးသေးလေးပေမယ့် လည်ချောင်းထဲရှတတခံစားနေရတာ ဘယ်လိုမှသက်တောင့်သက်တာမရှိလှပါဘူး။ ဒါကြောင့် ငါးရိုးစူးတဲ့အခြေအနေမျိုး ကြုံလာခဲ့ရင် ဒီနည်းလေးတွေလုပ်ကြည့်ပါဦးလို့။

၁။ချောင်းဆိုး၊ ချောင်းဟန့်ပါ။

အရိုးစူးတာနဲ့ လုပ်သင့်တဲ့နည်းက ချောင်းဆိုးတာပါပဲ။ ချောင်းဆိုးတဲ့အခါ လည်ချောင်းတွင်းက လေတွေက အရိုးကိုဖိအားနဲ့တွန်းထုတ်တာကြောင့် အရိုးထွက်လာစေပါတယ်။ အကြိမ်ရေအနည်းငယ် ချောင်းနာနာဟန့်ပေးပါ။

၂။သံလွင်ဆီအနည်းငယ် စုပ်သောက်ပေးပါ။

ချောင်းဆိုးတာအလုပ်မဖြစ်ရင် သံလွင်ဆီနည်းနည်းစုပ်သောက်ပေးပါ။ သံလွင်ဆီက ချောဆီတစ်မျိုးလို အလုပ်လုပ်တာကြောင့် လည်ချောင်းထဲပိတ်ဆို့နေတဲ့အရိုးကို အစာအိမ်ထဲအထိရောက်အောင် မျောပါစေမှာပါ။

၃။ဆားရည်သောက်ပေးပါ။

ကြက်သီးနွေးရေထဲကို ဆားအနည်းငယ်ထည့်ပြီးမော့သောက်လိုက်ပါ။ လည်ချောင်းထဲကအရိုးကိုပါ မျောပါသွားစေပါတယ်။

၄။ငှက်ပျောသီးနဲ့မျောချပါ။

ငှက်ပျောသီးတစ်ကိုက်ကိုက်ပြီး ပါးစပ်ထဲငုံထားပါ။ ပျော့ချွဲချွဲဖြစ်လာတဲ့ အနေအထားရောက်မှ မဝါးပဲမြိုချလိုက်ပါ။ ဒါမှ အရိုးလည်းငှက်ပျောသီးနဲ့ရောပါသွားမှာပါ။

၅။ပေါင်မုန့်ရေနွေးစိမ်စားပါ။

ပေါင်မုန့်တစ်ဖဲ့ဖဲ့ပြီး ရေနွေး (သို့) နွားနို့နွေးနွေးလေးထဲနစ်ပြီး လုံးထားပါ။ ပြီးရင် ပါးစပ်ထဲထည့်ပြီးမျိုချလိုက်ပါ။ ပေါင်မုန့်နဲ့အတူအရိုးပါ ဝင်သွားမှာပါ။

၆။လျှာလကာရည်စုပ်သောက်ပါ။

လျှာလကာရည်ကို ရေနည်းနည်းရောပြီး စုပ်သောက်ပေးပါ။ အရိုးကိုဖယ်ထုတ်ပေးပါတယ်။ တစ်ခါတစ်လေ အရိုးကိုတောင် ပျော်ဝင်စေပါတယ်။

၇။ဆရာဝန်ဆီသွားပါ။

အပေါ်ကဘယ်နည်းသုံးသုံးထွက်မလာရင်တော့ ဆရာဝန်ဆီသွားပြတာအကောင်းဆုံးပါ။