ကြက်သား ကို ကြိုက်နှစ်သက်သူတွေများကလည်း ကြက်သားကို စနစ်တကျ ဘယ်လိုမွေးကြသလဲ၊ ဘယ်လို အစားအစာတွေ ကျွေးကြသလဲ၊ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာထားကြသလားဆိုတာကို သိဖို့ လိုပါတယ်။
ဖြစ်နိုင်ရင် ကိုယ်စားနေတဲ့ ကြက်သားနဲ့ ကြက်သားနဲ့ ပြုလုပ်ထားတဲ့ ထုတ်ကုန်တွေက ဘယ်ကနေ ရလာတာလဲ သိထားဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ကြက်မွေးမြူရေးနဲ့ အစားအသောက်လုံခြုံရေးတို့နဲ့ ပတ်သတ်တဲ့ သိသင့်သိထိုက်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှချင်ပါတယ်။

hahn_wildpark_poing_pride_bill_beautiful_feather_nature_poultry-809968.jpg!d
ကြက်မွေးမြူရေးလုပ်မယ်ဆိုရင် အဓိက လိုအပ်တာက အစားအစာ၊ ကြက်ထားမယ့်နေရာနဲ့ ရေတို့ဘဲဖြစ်ပါတယ်။
ကြက်ကို အစာကျွေးရာမှာလည်း တတ်နိုင်သမျှ ကြက်စာအတွက် အသင့်ထုတ်ထားတာတွေ မကျွေးပါနဲ့။ အစိမ်းရောင် ဟင်းသီဟင်းရွက်တွေ၊ နှံစားသီးနှံတွေဟာ ကြက်တွေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပြီး ပြန်ဥမယ့် ကြက်ဥတွေကလည်း အရသာ ကောင်းနေမှာဖြစ်ပါတယ်။

A_poultry_farm_in_Ranhat

ကြက်တွေကို နေရာကျယ်ကျယ်မှာ မွေးသင့်

ကြက်တွေကို လှုပ်မရအောင် နေရာကျဉ်းကျဉ်းမှာ မမွေးဘဲ ကြက်ခြံဝန်းကျယ်ကျယ်မှာ သဘာဝအတိုင်း မွေးတာက အကောင်းဆုံးပါဘဲ။ ဒါမှ ကြက်တွေက ကိုယ်တိုင် အင်းဆက်တွေ ရှာစားနိုင်တာကြောင့် ပရိုတင်းဓာတ်တွေနဲ့ သတ္တုဓာတ်ပါဝင်မှုများပြီး ကြက်သားတွေကလည်း ပိုပြီး အရသာရှိပါတယ်။

3217378769_225cfc6646_b
အဲ့ဒီအပြင် လှောင်အိမ်ထဲမှာ ထည့်ထားတဲ့ ကြက်တွေက ခြံဝန်းထဲမှာ လွှတ်ထားတဲ့ ကြက်တွေထက် ပိုပြီး ကျန်းမာပါတယ်။
ကျန်းမာသန်စွမ်းတဲ့ ကြက်တွေ ဖြစ်လာတာကြောင့် ဓာတုဆေးဝါးတွေ၊ ပိုးသတ်ဆေးဝါးတွေ မတိုက်ကျွေးရတာကြောင့် စားသုံးတဲ့သူရဲ့ ကျန်းမာရေးကို မထိခိုက်နိုင်ပါဘူး။

ကြက်တွေကို ကျွေးသင့်တဲ့ အစားအစာများ

9914922844_54bd06a083_b

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများ

ပရိုတင်းဓာတ်က ကြက်တွေ ဥ ဥရာမှာ အရေးကြီးပါတယ်။ ကြက်တွေမှာ ပရိုတင်းဓာတ်များများရရှိဖို့ တီကောင်၊ ပိုးကောင်တွေ စားနိုင်ဖို့ အရေးကြီးပါတယ်။ ကြက်တွေကို အသင့်စားအစားအတွေ ကျွေးမယ့်အစား သဘာဝက ရတဲ့ အစားအစာတွေက အစားအသောက်လုံခြုံရေးအတွက် ကောင်းပါတယ်။

straw_bale_harvest_rural_field_agriculture_nature_summer-1287057.jpg!d

မက်တွေ ကောက်ရိုးတွေ

မြက်တွေ ကောက်ရိုးတွေကို ကြက်ခြံရဲ့ ဒေါင့် တစ်နေရာမှာ စုပုံထားသင့်ပါတယ်။ မြက်တွေ ခြောက်သွေ့ဖို့က ဒီအတိုင်းထားရင် ၁ နှစ်လောက်ကြာပေမယ့် ကြက်ခြံထဲမှာ ထည့်ထားရင် ၄ လကနေ ၆ လကြားမှာ ခြောက်သွေ့တဲ့အပြင် မြေသြဇာလည်း ပိုရပါတယ်။ ကြက်တွေအတွက်လည်း ပိုကောင်းပါတယ်။

chicken_americauna_farm_animal_bird_group_feathers_sun-648671.jpg!d

အစိမ်းရောင်အရွက်တွေ

ကြက်တွေကို အစိမ်းရောင်အရွက်တွေ ကျွေးရင် ဥကလည်း ပိုအရသာရှိပါတယ်။ ဒါကြောင့် ကိုယ့် မီးဖိုချောင်ထဲက ဟင်းသီးဟင်းရွက်အပိုတွေကို သေချာ ဆေးကြောပြီး ကျွေးလို့ရပါတယ်။

cracked_egg_yolk_eggs_eggshell_farm_fresh_nest_poultry-1091545.jpg!d

ကယ်ဆီယမ်ဓာတ်

ကယ်ဆီယမ်ဓာတ်က ကြက်ရဲ့ ကျန်းမာရေးအတွက်အရေးပါသလို ဥရဲ့ အရည်အသွေးပြည့်မီဖို့လည်း အရေးပါပါတယ်။ ဒါပေမယ့် ကယ်ဆီယမ်ဓာတ်ရအောင် ဓာတု ဆေးဝါးတွေတိုက်ကျွေးတာထက် ကွဲသွားတဲ့ ကြက်ဥအခွံတွေကို ပြန်ကျွေးတာက ဘေးထွက်ဆိုးကျိုးမရှိဘဲ ကောင်းပါတယ်။ ကြက်မက ကယ်ဆီယမ်ဓာတ်ချို့တဲ့ရင် အခွံပါးတဲ့ ကြက်ဥတွေ ဥ တတ်ပါတယ်။

ပြောင်းဖူးခြောက်၊ ကောက်ပဲသီးနှံခြောက်တွေ

ပြောင်းဖူးခြောက်တွေ ကောက်ပဲသီးနှံခြောက်တွေကိုလည်း ကျွေးမွေးနိုင်ပါတယ်။ အနှစ်များတဲ့ ကြက်ဥတွေ ဥနိုင်အောင် ကူညီပေးပါတယ်။

ရေကတော့ ကြက်တွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ဘယ်လောက် ဈေးကြီးတဲ့ ကြက်စာတွေဘဲ ကျွေးကျွေး ရေ အလုံအလောက်မရှိရင် ကြက်လည်း အစာစားနှုန်းလျော့နည်းလာပါလိမ့်မယ်။ ရေတိုက်တာနည်းရင် ဥထုတ်လုပ်မှုနှုန်းကလည်း တစ်ဝက်လောက်လျော့ကျနိုင်ပါတယ်။ ဒါကြောင့်ရေကို အမြဲတမ်းရှိနေအောင် လုပ်ထားပေးဖို့ လိုပါတယ်။

ခနော ကြက်သားမှုန့်

ခနော ကြက်သားမှုန့်ကလည်း ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး မွေးမြူထားတဲ့၊ သန့်ရှင်းတဲ့ ကြက်ခြံမွေးမြူထားပြီး၊ ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားတဲ့ ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။
အဲ့ဒီအပြင် ကြက်သားမှုန့်ကို ကျန်းမာရေး ကောင်းပြီး အရွယ်ရောက်ပြီးသား ကြက်တွေနဲ့သာ ထုတ်လုပ်တာဖြစ်ပါတယ်။
ကြက်သားမှုန့် ထုတ်လုပ်စဉ်၊ အခြောက်ခံစဉ်တွေမှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတု ပါဝင်ပစ္စည်းတွေ မသုံးစွဲထားပါဘူး။