ကိုယ်ကြိုက်တဲ့ဟင်းကို အားပါးတရ စားနေရင်း ငါးအရိုးဆူးသွားတာလောက် ဆိုးတဲ့အဖြစ်မရှိပါဘူး။

ငါးအရိုးဆူးသွားရင် လည်ပင်းမှာနာနေပြီး ဘာပဲ မျိုချချ ဆူးနေ၊ နာနေတာမျိုးပါ။

ချောင်းဆိုးလိုက်ပါ

ပထမဆုံး လုပ်သင့်တာကတော့ ချောင်းဆိုးပြီး အရိုးကိုဟက်ထုတ်ကြည့်ပါ။ မိနစ်အနည်းငယ်လောက် ချောင်းဆိုးပြီး ဟက်ထုတ်ကြည့်လိုက်ပါ

ထမင်းကို လုံးပြီး မျိုချပါ

ထမင်းကို အလုံးလေးလုပ်ပြီး ကိုယ်မျိုချနိုင်တဲ့အလုံးလောက်လုံးပါ။ ပြီးရင် မဝါးဘဲ မျိုချလိုက်ရင်လည်း ဆူးနေတဲ့အရိုးက တခါတည်းပါသွားတတ်ပါတယ်။

ရှာလကာရည်ကို သောက်ပါ

ရှာလကာရည် အပျော့စား ဥပမာ ပန်းသီးရှာလကာရည်မျိုးကို ရေနဲ့နည်းနည်းစပ်ပြီး သောက်ကြည့်ပါ။ ရှာလကာရည်မှာ အက်ဆစ်ဓာတ်ပါတာကြောင့် ငါးအရိုးက ရှာလကာရည်နဲ့ထိပြီး ပျော်သွားတတ်ပါတယ်။ တချို့လည်း သံပုရာရည်သောက်ကြပါတယ်။

ဆရာဝန်ဆီကို သာ သွားပါ

အပေါ်က နည်းလမ်းတွေအသုံးပြုပြီးလို့မှ အဆင်မပြေတော့ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားပါ။ ငါးအရိုးဆူးတာက အသက်အန္တရာယ်အထိတောင် စိုးရိမ်ရတာမျိုးရှိတာကြောင့် ဆရာဝန်ဆီသွားဖို့လိုအပ်ပါတယ်။

ခွဲစိတ်မှုအသေးစားလေးလုပ်ပြီး အရိုးကို ပြန်ထုတ်ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

Photos Credit: thelittlethings