နိုင်ငံတွေအပေါ်၊ လူမျိုးတွေ အလိုက်အပေါ်မူတည်ပြီး မနက်စာ၊နေ့လည်စာ၊ ညစာ စားချိန်တွေ မတူညီကြပါဘူး။

ဒါပေမယ့် ဆေးပညာအရ အစာစားဖို့ သင့်တော်တဲ့အချိန်တွေရှိပါတယ်။

မနက်စာ (မနက် ၇ နာရီ)

မနက်စာကို မနက် ၇ နာရီမှာ စားသုံးတာအကောင်းဆုံးပါဘဲ။ ၈ နာရီမှာစားလည်း အဆင်ပြေပါသေးတယ်။ ဒါပေမယ့် ၈ နာရီနောက်ပိုင်းကတော့ မစားဖို့ အကောင်းဆုံးပါဘဲ။

မနက်စာကတစ်နေ့လုံးအတွက် အရေးကြီးဆုံးပါဘဲ။ မနက်စာမှာ အသီးအနှံ၊ ကောက်ပဲသီးနှံတစ်မျိုးမျိုးနဲ့ ကယ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးသင့်ပါတယ်။

တခါတလေ အိပ်ယာထထခြင်း ဗိုက်မဆာရင်လည်း ရေချိုးပြီးနောက် ဗိုက်ဆာတတ်ပါတယ်။ အဲ့အချိန်ကျရင် စားပါ။ မနက်အိပ်ယာနိုးနိုးချင်း ရေတစ်ခွက်လောက်သောက်ပေးပါ။

အဆာပြေစားချိန် (မနက် ၁၀ နာရီကနေ ၁၁ နာရီကြား)

တချို့ကလည်း အဆာပြေစားကြပါတယ်။ အဲ့လို စားချင်ရင် မနက် ၁၀ နာရီကနေ ၁၁နာရီကြားလောက်က အကောင်းဆုံးပါဘဲ။

အဆာပြေအစားအစာကို အသီးအနှံ၊ ဆီရီရယ် သို့ ဒိန်ချဉ်တို့ကိုလည်း စားသုံးနိုင်ပါတယ်။

နေ့လည်စာ (နေ့လည် ၁ နာရီ)

နေ့လည်စာကို နေ့လည် ၁ နာရီမှာ စားတာအကောင်းဆုံးပါဘဲ။ ဒါပေမယ့် အနောက်အကျဆုံးကတော့ ၃ နာရီလောက်အထိဘဲ ကောင်းပါတယ်။

နေ့လည်စာမှာဆိုရင် ဟင်းသီးဟင်းရွက်၊ ပရိုတင်းဓာတ်၊ ကောင်းမွန်တဲ့ အဆီဓာတ်၊ အစိမ်းရောင်အရွက်၊ ကာဗိုဟိုက်ဒရိတ်ပါတဲ့အစားအစာတွေစားပေးသင့်ပါတယ်။

အဆာပြေစားသင့်တဲ့အချိန်

အဆာပြေ စားချင်ရင် ညနေ ၄ နာရီနဲ့ ၅ နာရီကြားမှာ စားပေးနိုင်ပါတယ်။

ဒီအချိန်မှာတော့ အခွံမာအသီးတွေစားပေးရင် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည် ဖြည့်တင်းပေးပါတယ်။

ညစာ (ည ၉ နာရီ နောက်ကျဆုံး)

ညစာကိုတော့ ညနေ ၇ နာရီကနေ ၈ နာရီကြား၊ ည ၉ နာရီနောက် အကျဆုံး စားပါ။ တချို့ကလည်း ၆ နာရီလောက်စားကြတာလည်း ကောင်းပါတယ်။

အနည်းဆုံး အိပ်မယ့်အိပ်ချိန်နဲ့ ၂ နာရီလောက်ခြားပြီး စားပါ။ ဒါမှ မအိပ်ခင်မှာ အစာကြေညက်စွာချေနိုင်မှာဖြစ်ပါတယ်။

Credit: Step to Health