အုန်းဆီဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်ပြီး လူသုံးများတဲ့အရာတစ်ခုပါ။ အလှအပရေးရာအတွက် အသုံးပြုကြသလို အခြားချက်ပြုတ်ခြင်းနဲ့ ဆေးဝါးတွေအဖြစ်လည်း အသုံးများကြပါတယ်။ ဒါပေမယ့် အုန်းဆီကို မသုံးသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့

02-nococonutoil-diet-885

ဝိတ်ချဖို့ကြိုးစားနေချိန်မှာ မသုံးသင့်ပါ

အုန်းဆီမှာ ကယ်လိုအများကြီး ပါဝင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ၁၁၇ကယ်လိုရီ ပါဝင်ပါတယ်။ သံလွင်ဆီနဲ့ နှိုင်းလိုက်ရင် အရမ်းများပါတယ်။ ဒါကြောင့် ဝိတ်ချနေသူတွေဆိုရင် အစားအစာတွေထဲမှာ အုန်းဆီ မထည့်သင့်ပါဘူး။

03-nococonutoil-teeth-885

သွားတိုက်ဆေးအဖြစ် မသုံးစွဲရပါ

ရှေးတုန်းကတော့ အုန်းဆီအနှစ်ဟာ သွားနဲ့ ခံတွင်းကို မွှေးပျံ့ပြီး သန့်ရှင်းစေတယ်လို့ ပြောကြပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ဖရိုရိုက်ကသာ ခံတွင်းအတွင်းက ဘတ်တီးရီးယားတွေကို လျှော့ချပေးနိုင်ပြီး အုန်းဆီကတော့ မပြုလုပ်ပေးနိုင်ပါဘူး။ သွားတိုက်ဆေး မရှိဘူးဆိုရင်တော့ ရေနဲ့ပဲ ပလုတ်ကျင်းတာဖြစ်ဖြစ် ဆားနဲ့ တိုက်တာဖြစ်ဖြစ် လုပ်တာ အကောင်းဆုံးပါပဲ။ အုန်ုးဆီဟာ ခံတွင်းအတွက် ထူးထူးခြားခြား ဘာမှ မလုပ်ပေးနိုင်ပါဘူး။

nococonutoil-openwound

ထိခိုက်ရှနာဖြစ်တဲ့အခါ မသုံးပါဘူး

ထိခိုက်ရှနာ၊ ပွန်းပဲ့နာ၊ အနီပြင်တွေ ဖြစ်တာနဲ့ အခြား အရေပြားပေါ်က အနာတွေကို အုန်းဆီ မလိမ်းပေးရပါဘူး။

nococonutoil-sunscreen

နေရောင်ဒဏ်ကာကွယ်ရန် မသုံးပါဘူး

UV ကာကွယ်နိုင်တဲ့ အစွမ်းအချို့ အုန်းဆီမှာ ရှိပါတယ်။ ဒါပေမယ့် အုန်းဆီမှာ SPF 8 ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် အခြား 30 လောက်ရှိတဲ့ Cream နဲ့ Moisture တွေကို လိမ်းမှ ရပါမယ်။ ဘာကြောင့်လဲဆိုရင်တော့ နေရောင်ခြည်မှာပါတဲ့ UV ဟာ တဖြည်းဖြည်း များလာတဲ့ အတွက် အုန်းဆီဟာ မနိုင်ပါဘူး။

nococonutoil-shower

ရေချိုးရာမှာ မသုံးပါဘူး

အုန်ုးဆီဟာ အသားအရေကို ချောမွေ့စေတာ မှန်ပါတယ်။ ဒါပေမယ့် အပြည့်အ၀ မဟုတ်ပါဘူး။ ရေချိုးကန်ထဲမှာ အုန်းဆီထည့်ပြီး ချိုးခြင်းဟာ သင့်ကို ချော်လဲစေခြင်းကလွဲရင် အခြား ဘာမှ မပေးနိုင်ပါဘူး။

nococonutoil-cooking

အပူချိန် မြင့်မြင့်နဲ့ ချက်ပြုတ်ရာမှာ အုန်းဆီကို မသုံးပါဘူး

အုန်းဆီကို အနောက်နိုင်ငံတွေမှာ အခြား မုန့်ဖုတ်ခြင်းနဲ့ အချို့မီးအေးအေးနဲ့ ချက်ရမယ့် ဟင်းလျာတွေမှာသုံးကြပါတယ်။ မြန်မာပြည်မှာတော့ အစကတည်းက မသုံးတဲ့ အတွက် သိပ်တော့ မထူးဆန်းတော့ပါဘူး။

Source: womenshealthmag

Featured Image Source: blog.oneworldayurveda.com