ခရီးထွက်ထားလို့ပဲ ဖြစ်ဖြစ် အသားအရေတွေ ခြောက်သွေ့နေပြီး နေလောင် ပျက်ဆီးနေတယ်ဆိုရင်တော့ စိတ်မချမ်းမသာနဲ့ ခံစားနေကြရမှာပါ။ ပေါင်းတင်တာ၊ ချွေးထုတ်ပြီး အညစ်အကြေးတွေ ထုတ်တာ အစရှိတာတွေနဲ့ ပြန်ပြီး ဂရုစိုက်လို့ ရသလို တစ်ဖက်ကလည်း အစားအသောက်နဲ့ ပြန်ပြီး ဖြည့်တင်းပေးလို့ ရပါတယ်။

လူတိုင်းကတော့ ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒါပေမယ့် ဂရုစိုက်တဲ့လူကတော့ ရှားပါတယ်။ နေပူထဲကို ဖြစ်သလို ထွက်တယ်။ Skincare လိုးရှင်းတွေကို နေ့တိုင်း မလိမ်းချင်ကြဘူး။ ညဘက်တွေ မိတ်ကပ်တွေကို မဖျက်ဘဲ အိပ်ကြတယ်။ ဒါတွေကိုတော့ အထူးသဖြင့် ရှောင်ရှားဖို့ လိုပါတယ်။ အခုဆိုရင် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ အမြင့်ဆုံး အခြေအနေလို့တောင် ပြောလို့ရနေတဲ့ နေ့တွေပါ။ အပြင်သွားရင် UV ပါတဲ့ ထီးကို ဆောင်းဖို့ မမေ့ပါနဲ့။

အစားအသောက်နဲ့ ပြန်ပြီး ပြုပြင်မယ်ဆိုရင်တော့ ဒီအသီးအနှံ ၅မျိုးကို စားကြည့်ဖို့ အကြံပေးပါရစေ။

၁။ လိမ္မော်သီး

လိမ္မော်သီးဟာ အသားအရေအတွက် ကောင်းမွန်စေတဲ့ ဗီတာမင် စီနဲ့ ဗီတာမင် အေ ကြွယ်ဝပြီး အသားအရေကို ပြန်ပြီး စိုပြေစေပါတယ်။

၂။ မုန်လာဥနီ

ဗီတာမင် အေနဲ့ ဘီတာကရိုတိန်းတွေ များစွာ ပါဝင်တဲ့ မုန်လာဥနီဟာ အသားအရေအတွက်ကတော့ မရှိမဖြစ်ပါ။ မုန်လာဥနီကို ညတိုင်း ဖျော်သောက်ပေးခြင်းအားဖြင့် ခြောက်သွေ့နေတဲ့ အသားအရေကို ပြန်လည်စိုပြေလာစေပြီး ကိုယ်အလေးချိန်ပါ ထိန်းပြီးသား ဖြစ်ပါလိမ့်မယ်။

၃။ အာလူး

အာလူးမှာ ဗီတာမင် အေ ပါတဲ့ အတွက် ကျန်းမာတဲ့ အသားအရေ လိုချင်သူတွေ စားပေးရမယ့် အသီးအနှံပါ။ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့ အတွက် ကြည်လင်တဲ့ အသားအရေကို ရရှိဖို့ ကူညီပါလိမ့်မယ်။

၄။ သစ်ကြားသီး

သစ်ကြားသီးဟာ အိုမီဂါ ၃ရဲ့ ပါဝင်မှုနှုန်း များပြီး ALA ပါဝင်တာဖြစ်တဲ့ အတွက် အသားအရေကို စိုပြေစေပြီး ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေကို ပြန်လည် ဖြစ်ပေါ်စေပါတယ်။

၅။ ဖရဲသီး

လေဖြတ်၊ ကင်ဆာနဲ့သွေးတိုးတာတွေကို ကာကွယ်ပေးနိုင်တဲ့ အဖိုးနည်းတဲ့ ဖရဲသီး

ဖရဲသီးဟာ ရေဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် စိုပြေတဲ့ အသားအရေအတွက်တော့ ဆေးတစ်မျိုးပါ။ ဗီတာမင် အေနဲ့ စီ ပါဝင်ပြီး ကြည်လင်တဲ့ အသားအရေအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ပိုတက်ဆီယမ်ကြွယ်ဝပြီး ကယ်လိုရီ ပါဝင်မှု နည်းတဲ့ အတွက် သူ့ကို စားပေးခြင်းအားဖြင့် ဝိတ်မတက်စေသလို အလွယ်တကူ ဝယ်ယူနိုင်တဲ့ အတွက် အဆင်ပြေမှာပါ။ ကျန်းမာပြီး လှပစိုပြေတဲ့ အသားအရေတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit: Zeenews