ကမ္ဘာ့အသက်အရှည်ဆေးမှာ ငါးဟာ အဓိက ပါဝင်ပါတယ်။ အသက်အကြီးဆုံး လူတွေကို လေ့လာပြီး တွေ့ရှိထားတဲ့   အချက်ကတော့ ငါးစားခြင်းကြောင့်လို့ ရေးသားကြပါတယ်။ မြန်မာပြည်မှာတော့ ငါးဟာ လူတိုင်း ကြိုက်တဲ့ အသားတော့ မဟုတ်ပါဘူး။

တကယ်တော့ ငါးဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အသားဖြစ်ပြီး ကိုယ်ခန္ဓာက လိုအပ်တဲ့ Omega-3 Fatty Acids တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့်ပါ။ အနောက်နိုင်ငံတွေမှာတော့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ငါးသေတ္တာငါးနဲ့ ထရောက်ငါးတို့ကို အစားများပါတယ်။ မြန်မာပြည်မှာတော့ ဆယ်လ်မွန်ငါးက ရှားပါတယ်။ ဒါကြောင့် ရေချိုငါးတွေကို စားပေးရင် ရပါတယ်။ ပါဝင်တဲ့ ပမာဏတွေ အနည်းအများ ကွာခြားသွားတာပဲ ရှိမှာပါ။

 

Source: Pulse Headlines

ငါး စားခြင်းကြောင့် မကောင်းတဲ့ အဆီတွေကို မရစေနိုင်တဲ့ အတွက် ကိုယ်အလေးချိန်ကို သိသိသာသာ ကျစေနိုင်ပါတယ်။ လေဖြတ်လေငန်း ဖြစ်မှာ စိုးရိမ်စရာမ လိုတော့ဘူးပါ။ နှလုံးနဲ့ ဆိုင်တဲ့ ရောဂါတွေလည်း မဖြစ်ပွားစေပါဘူး။ မှတ်ဉာဏ်အားကို ကောင်းစေပြီး အသက်အရွယ် ကြီးရင့်လာတဲ့ အခါ မှတ်ဉာဏ်အားနည်းတာတွေ မဖြစ်ပေါ်စေပါဘူး။ နှလုံးရောဂါရှိသူတွေ အတွက်ကတော့ တစ်ပတ်မှာ နှစ်ကြိမ် ငါးကို စားပေးသင့်ပါတယ်။

Source: NPR

မြန်မာပြည်အတွက် စားပေးသင့်တဲ့ ငါးတွေကတော့ တူနာငါး၊ ငါးသေတ္တာငါးနဲ့ ရေချိုငါးတွေပါပဲ။ ပင်လယ်ငါးတွေမှာ အိုမီဂါ ပိုပါတယ်လို့ အထင်ရောက်စေပေမယ့် အချို့ရေချိုငါးတွေမှာလည်း ပါပါတယ်။ တစ်နေ့ကို ၃-၄ဂရမ်လောက် စားပေးရင်ပဲ လိုအပ်တဲ့ ပမာဏကို ရနိုင်ပါတယ်။