ကျောက်ဖရုံသီးသည် အားကိုတိုးပွားစေပြီး သုတ်ကိုတိုးပွားစေပါတယ်။ မှည့်တဲ့အသီးက ကြေကျက်လွယ်ပြီး ဆီးအိမ်ကို သန့်ရှင်းရေးလုပ်ပေးပါတယ်။ ကျောက်ဖရုံသီးရဲ့သတ္တုရည်ကို သွေးအန်သွေးဝမ်း၊ သွေးယိုစီးသောရောဂါများကို တိုက်ကျွေးလျှင် သက်သာပျောက်ကင်းစေပါတယ်။ ကျောက်ဖရုံသီးကို ဆီးနည်း၊ ဆီးအောင့်၊ ဆီးချုပ်၊ ဆီးကျောက်တည် အစရှိတဲ့ရောဂါများအတွက်  ကျောက်ဖရုံအရည် ၃ ကျပ်သားလောက်ကို ရှိန်းခို၊ ဂျုံပင်ပြာ ၊ ဆားအနည်းငယ် ရောထည့်ပြီး တိုက်ခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။

Source: Veggies Info

အဆုတ်နှင့် ပတ်သက်၍ မြစ်ခြောက်နာ၊ အားအင်ကုန်းခမ်းခြင်းတို့အတွက် အသီးကို ငရုတ်ကောင်း၊ ဂျင်း၊ ပျားရည်၊ ထောပတ်၊ သကြားတို့နှင့် ရောစပ်၍ သဘာဝဆေးအဖြစ် အသုံးများကြပါတယ်။

ကျောက်ဖရုံသီးကို ကျောက်ကပ်သမားတွေရဲ့ ခြေထောက်တွေဖောရောင်လာတဲ့အခါ ချက်ချင်းအစိမ်းသောက်လိုက်ပါက အရောင်ကျသွားစေပါတယ်။ နောက်တစ်နည်းကတော့ ဆီးကျောက်တည်ခြင်းအတွက်ပါ။

Source: Ethnic Prides

ဆီးကျောက်တည်သူတွေ အနေနဲ့ကျောက်ဖရုံသီး လက်ငါးလုံးခန့်၂စိတ်ကို ရေဆေးပါ။ ထို့နောက် အစေ့များဖယ်ပြီး သခွါးခြစ်ဖြင့်ခြစ်ပါ သောက်နိုင်ရုံ ရေတစ်ဖန်ခွက်ထည့်၍ Blenderဖြင့်ကြိတ်ပြီးလျှင် ဇကာဖြင့်အရည်စစ်ယူပါ။ ထို့နောက်ရှိန်းခို (ငရုတ်ကောင်းစေ့၂စေ့စာခန့် ) ထည့်မွှေပြီး နံနက်စောစောအစာမစားမီ တစ်ပတ်ခန့်သောက်ပေးပါ။