ပါဝင်ပစ္စည်းများ

  • ငါးနုသန်း (Whole Nga-Nu-Than Fish) = (400 g) ၂၅ ကျပ်သား
  • ကြက်သွန်နီ (Onion) = (2 cloves) ၂ လုံး
  • ကြက်သွန်ဖြူ (Garlic) = (10 cloves) ၁၀ တတ်
  • ချင်း (Ginger) = (80 g) ၅ ကျပ်သား
  • စပါးလင် (Lemon Grass ) = (2 stalks) ၂ ပင်
  • ငရုတ်ပွခြောက် (Dried Chili) = (3 cloves) ၃ တောင့်
  • ငရုတ်ကောင်းမှုန့် (Crushed Black Pepper ) = (½ tsp) ဝ.၅ လ္ဘက်ဇွန်း
  • ခနောကြက်သားမှုန့် (Knorr Seasoning Powder) = (2 tbsp) ၂ စားပွဲဇွန်း
  • နနွင်းမှုန့် (Ground Turmeric) = (1 tsp) ၁ လ္ဘက်ဇွန်း
  • ငါးငံပြာရည် (Fish Sauce) = (1 tbsp) ၁ စားပွဲဇွန်း
  • ပဲဆီသန့် (Peanut Oil ) = (5 tbsp) ၅ စားပွဲဇွန်း
  • ခရမ်းချဉ်သီး ( ကိုင်းသီး) (Tomato) = (160 g) ၁၀ ကျပ်သား
  • နံနံပင် (Coriander Leaves) = (a little ) အနည်းငယ်
  • ငရုတ်သီးစိမ်း ( Fresh Chili ) = (10 cloves) ၁၀ တောင့်
  • ရေသန့် (Water) = (0.5 liters) ဝ.၅ လီတာ

ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း

  1. ငါးနုသန်း ကို သန့်စင်ပြီး ခနော ကြက်သားမှုန့်၁ ဇွန်း၊ နနွင်းမှုန့်၊ ငါးငံပြာရည် အနည်းငယ် တို့နှင့် အရသာသွင်းပြီး ၂၀ မိနစ်ခန့်နှပ်ထားပါ။ခရမ်းချဉ်သီး( ကိုင်းသီး ) ကို ကြိတ်ထားပြီး နံနံပင် နှင့် ငရုတ်သီးစိမ်းကိုရေစိမ်ထားပါ။
  2. ငရုတ်ပွခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ချင်း တို့ကို ကြေညက်အောင်ထောင်းပြီး ဟင်းအနှစ်ပြုလုပ်ထားပါ။ဒယ်အိုးတွင် ပဲဆီသန့်ကိုအပူပေးပြီး နနွင်းမှုန့်၊ နံနံပင်အရိုး ၊ စပါးလင် ၊ အသင့်ထောင်းထားသောငရုတ်သီးအနှစ် တို့နှင့် ဆီသတ်ပါ။
  3. ငရုတ်သီးအနှစ် ကျက်လျှင် အသင့်ကြိတ်ထားသော ခရမ်းချဉ်သီးထည့်ချက်ရျွ် ဆီပြန်လာလျှင် အသင့်အရသာသွင်းထားသော ငါးနုသန်း ကိုထည့်ချက်ပေးပါ။
  4. ငါးနုသန်း အနည်းငယ်ဆီပြန်လာလျှင် ရေသန့်အနည်းငယ် ၊ ခနော ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ဖြင့်အရသာ ထိန်းညှိပြီး ကျက်သည်အထိချက်ပေးပါ။
  5. ငါးနုသန်း ကျက်လျှင် အသင့်သန့်စင်ထားသော ငရုတ်သီးစိမ်း နှင့် နံနံပင် အုပ်ရျွ် တည်ခင်းပါ။

Knorr