အဆာပြေအစာများ

အာရှတိုက်မှာ စားလေ့ရှိတဲ့ အဆာပြေအစာများက ဆန်တို့၊ ရေညှိနဲ့ ပဲတွေကနေ လုပ်လေ့ရှိတဲ့ အစားအစာများဖြစ်ကြပါတယ်။

အနောက်နိုင်ငံတွေလို အာလူးကြော်၊ ကွတ်ကီးတို့ ကိတ်မုန့်တို့ စတဲ့ သကြားပါဝင်မှုများတဲ့ အစားအစာများ စားသုံးတာနည်းပါတယ်။

15551510-3288410-4061924-0-1501846394-1501846405-650-1-1501846405-650-a36759d0a1-1502889979

ရေနွေးကြမ်းသောက်လေ့ရှိ

ထမင်းစားနေချိန်မှာဘဲ အာရှသားတွေက အနောက်နိုင်ငံတွေလို ရေအေးသောက်လေ့မရှိဘဲ ရေနွေးကြမ်းသောက်လေ့ရှိပါတယ်။

ရေအေးတွေ၊ ရေခဲရေတွေဟာ စားသုံးနေတဲ့ အဆီတွေနဲ့ ပေါင်းသွားပြီး အစာခြေစနစ်ကို နှေးသွားစေကာ ကိုယ်အလေးချိန်ကို တက်စေပါတယ်။

15551460-3288010-4061923-0-1501846223-1501846229-650-1-1501846229-650-9d2d44c6c4-1502889979

အသီးအရွက်အစိမ်းတွေ ပိုစား

အာရှတိုက်သားတွေရဲ့ ထမင်းဝိုင်းမှာ အသီးအရွက် တစ်မျိုးမဟုတ်တစ်မျိုးပါဝင်ပြီး အသီးအရွက်တွေလည်း စားသုံးလေ့များပါတာယ်။

15551410-Depositphotos_143016749_xl-2015-1502690610-650-f52c12258d-1502889979

ငါးနဲ့ ပင်လယ်စာ စား

အာရှတိုက်သားတွေရဲ့ ထမင်းဝိုင်းမှာ တစ်ပတ်မှာ အနည်းဆုံး ၁ကြိမ်တော့ ငါး ဒါမှမဟုတ် ပင်လယ်စာတွေ ကို ချက်ပြုတ်စားလေ့ရှိပါတယ်။

ဒါကြောင့် Omega-3 ကို ကြွယ်ဝစွာရရှိကြပြီး ကိုယ်ခံအားစနစ်၊ မျိုးဆက်ပွား ကျန်းမာရေးကို ကောင်းမွန်စေပြီး နဲ့ကိုယ်အလေးချိန်ကိုလည်း လျော့ကျစေပါတယ်။

15551360-articles-3089160-ae8fef855fe515b33ac1e71900baf3f9-1502889884-650-937b4bbabb-1502889979

အချဉ်ဖောက်ထားတဲ့ အစားအစာများ

အချဉ်ဖောက်ထားတဲ့ အစားအစာများဖြစ်တဲ့ ကင်ချီ၊ နှမ်းဖတ်ချဉ် စတဲ့ အစားအစာတွေမှာလည်း သဘာ၀ Probiotics တွေပါဝင်ပြီး အဲ့ဒီဓာတ်က ကိုယ်အလေးချိန်ကို လျော့ကျစေကာ ကိုယ်တွင်းအင်္ဂါတွေနဲ့ ဗိုက်ပတ်လည်မှာ အဆီတွေ မရှိအောင် ကာကွယ်ပေးပါတယ်။

15551310-Depositphotos_137300344_xl-2015-1501772414-650-e466e408cf-1502889979

ဟင်းတစ်မျိုးစီကို အနည်းငယ်သာစား

အာရှ အထူးသဖြင့် တရုတ်တို့ ကိုရီးယားတို့မှာဆိုရင် ထမင်းတို့ ၊ ခေါက်ဆွဲတို့ချည်းဘဲ အများကြီးစားတာမဟုတ်ဘဲ အသီးအရွက်နည်းနည်း၊ အသားနည်းနည်းနဲ့ထမင်း နည်းနည်းတို့ကို မျှတအောင် စားလေ့ရှိပါတယ်။

ဒီလို စားနည်းကလည်း ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။

15551210-3281610-15523-0-1501845559-1501845568-650-1-1501845568-650-0cf2ee8cb9-1502889979