ကော်ဖီတစ်ခွက်သောက်မှ မနက်ခင်းရဲ့ လန်းဆန်းတက်ကြွမှုကို ခံစားနိုင်တဲ့သူတွေလည်းရှိပါတယ်။ ဒါက ကဖိန်းဓာတ်ကြောင့်ပါ။ ကဖိန်းဓာတ်က သင့်အာရုံကြော ပင်မစနစ်ကို နှိုးဆွပေးတာကြောင့် သင့်ကို ချက်ခြင်းလန်းဆန်းစေပါတယ်။

Nestlé ကတော့ နောက်ထပ် ခြေလှမ်းသစ်တစ်ခုအနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ အောင်မြင်နေတဲ့ Nescafé 3-in-1 ကို ရပ်တန့်ပြီး Nescafé Blend & Brew ကော်ဖီကို ပြောင်းလဲ ထုတ်လုပ်လိုက်ပါပြီ။

Nescafe - LCD at Super Market

Nescafé ရဲ့ မူပိုင် Blend & Brew နည်းပညာဟာ ကော်ဖီစေ့တွေကို သာမန်ထက် ၁၀ဆ ပိုမိုနုညက်အောင် ကြိတ်ချေကာ တခြား ပါဝင်ပစ္စည်းတွေနဲ့ ရောနှောပြီး နုညက်ကောင်းမွန်တဲ့ ကော်ဖီမှုန့်ဖြစ်အောင် တစ်ဆင့်ပြီး တစ်ဆင့် ထုတ်လုပ်ထားပါတယ်။

15

ထုတ်လုပ်ပုံ

အကောင်းမွန်ဆုံး ကော်ဖီရနံ့ ရရှိဖို့ ကော်ဖီစေ့တွေကို အသင့်တော်ဆုံး အပူချိန်မှာ လှော်စပ်ထားပြီး ပထမအကြိမ် ကြိတ်ချေမှုပြုလုပ်ပြီးတဲ့နောက်မှာ ကော်ဖီစေ့တွေကို ၁၀ဆ ပိုမိုနုညက်အောင် ဒုတိယအကြိမ် ထပ်မံကြိတ်ချေပါတယ်။ ဒါကြောင့် ကော်ဖီရဲ့ အနံ့ အဆီအနှစ်တွေက မွှေးပျံ့ နုညက်ပျော့ပျောင်းနေပါတယ်။

12

ကော်ဖီမှုန့်တွေကို Nescafé ရဲ့ Creamer နဲ့ လွှမ်းခြုံလိုက်ပြီး ရေတွင် ပျော်ဝင်လွယ်သော ကော်ဖီ၊ သကြားတို့ကို နောက်ဆုံးအဆင့်အဖြစ် ရောစပ်လိုက်ပါတယ်။

Screen Shot 2017-09-03 at 10.23.23 PM

ထုတ်လုပ်မှု အဆင့်တစ်ဆင့်ချင်းစီ သေချာဂရုတစိုက်ထုတ်လုပ်ကာ သမမျှတအောင် ရောစပ်ထုတ်လုပ်ထားမှုက တခြား 3-in-1 ကော်ဖီများနဲ့ Blend & Brew ရဲ့ ကွာခြားချက်ဘဲ ဖြစ်ပါတယ်။

ကော်ဖီနဲ့ ကဖိန်းဓာတ်

coffee-cup-theme-coffee-80431

ကဖိန်းဓာတ်က ကော်ဖီတစ်မျိုးတည်းမှာဘဲ ပါဝင်တာမဟုတ်ဘဲ လက်ဖက်ရည်၊ ဆိုဒါ နဲ့ ချော့ကလက်တွေမှာလည်း ပါဝင်ပါတယ်။ ကော်ဖီမှာတော့ ကဖိန်းဓာတ်ပါဝင်မှု ပိုများပါတယ်။ အဲဒီကဖိန်းဓာတ်ဟာ ကော်ဖီသောက်ပြီး ၁၅ မိနစ်အတွင်း သင့် သွေးကြောထဲကို ရောက်သွားပါတယ်။

ကဖိန်းဓာတ်နဲ့ ဦးနှောက်

pexels-photo-356056

ကဖိန်းဓာတ်က သွေးကြောထဲကို ၀င်ရောက်လာပြီးနောက် ဦးနှောက်ထဲကို စီးဆင်းသွားပါတယ်။ ကဖိန်းဓာတ်က Xanthine ဓာတ်တစ်မျိုးဖြစ်ပြီး ဦးနှောက်ထဲမှာလည်း အဲ့ဒီဓာတ်ရှိပါတယ်။ ကဖိန်းဓာတ်က ဦးနှောက်ထဲကို ရောက်သွားရင် ဓာတု ဓာတ်ပြုမှုတွေဖြစ်ပြီး သင့်ဦးနှောက်ကို အမြန်ဆုံးနိုးကြွစေကာ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း အရေးပေါ်အချက်ပြမှုတွေကို စေလွှတ်ပေးပါတယ်။ ဒါ့ကြောင့် သင့်ကိုတက်ကြွလန်းဆန်းစေပါတယ်။

ခန္ဓာကိုယ်ရဲ့ တုံ့ပြန်ချက်

pexels-photo-217651

ဦးနှောက်ကပြုလုပ်လိုက်တဲ့ အချက်ပေးမှုက Adrenal Gland ကိုရောက်သွားပြီး နိုးထဖို့ ပြင်ဆင်လာပါတယ်။ နိုးကြွစေတဲ့ Adrenaline ဓာတ်က သွေးကြောကနေတစ်ဆင့် စီးဆင်းသွားပြီး နှလုံးစနစ်တစ်ခုလုံကို နိုးထစေကာ နှလုံးခုန်တွေပိုမြန်လာပြီး သွေးတွေကို ပိုညှစ်ထုတ် စီးဆင်းစေပါတယ်။ အဲ့ဒီကနေတစ်ဆင့် သွေးစီးဆင်းမှုမြန်လာပြီး ကြွက်သားတွေထံ မြန်မြန်ရောက်လာပါတယ်။ နှလုံးနားမှာရှိတဲ့ တစ်ရှူးတွေကလည်း ဓာတုဓာတ်တစ်မျိုးဖြစ်တဲ့ Norepinephrine ဓာတ်ကိုထုတ်လုပ်ပေးလို့ ကြွက်သားတွေကို မြန်မြန်ဆန်ဆန်နဲ့ သန်သန်မာမာ လှုပ်ရှားနိုင်အောင် လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကို ပြေးဖို့ အဆင်သင့်ဖြစ်နေအောင် ကူညီပေးပြီး အာရုံစိုက်နိုင်အောင်ကူညီပေးပါတယ်။

အာရုံ စူးစိုက်မှု

pexels-photo-374897

ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှု မြန်လာတာပြီး ဦးနှောက်ထဲ အောက်စီဂျင်ရောက်တာပိုများတာကြောင့် ပိုပြီး အာရုံစိုက်နိုင်ပါတယ်။ ကော်ဖီထဲမှာ သကြားထည့်ပြီးသောက်ရင် သွေးအတွင်းသကြားဓာတ်က ပိုမြင့်စေပြီး ရုပ်ပိုင်းဆိုင်ရာ တက်ကြွမှုကိုဖြစ်စေကာ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်စေမှာပါ။ ဒါကြောင့် ကော်ဖီတစ်ခွက်က သင့် ဦးနှောက်ထဲက ရှုပ်ထွေးမှုတွေကို ဖယ်ရှားပေးပြီး ကိုယ့်အလုပ်ကို ပိုမိုအာရုံစူးစိုက်နိုင်မှာဖြစ်ပါတယ်။