အခုခေတ်မှာ လူတိုင်းနီးပါး အလုပ်ရှုပ်နေကြတာကြောင့် မိသားစု ညစာဆိုလည်း အလွယ်တကူ ဆိုင်တွေကနေ ပါဆယ်ဆွဲလာတာကိုဘဲ နွေးပြီး စားလိုက်ကြတာများပါတယ်။

အလုပ်တွေ၊ ကျောင်းတွေနဲ့ မအားလပ်တဲ့ကြားက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် အချိန်မီ သွားလာရတာမို့ မိသားစုဝင်အချင်းချင်း လက်စွမ်းပြ ထားတဲ့ ဟင်းလျာတွေ စားသုံးနိုင်ဖို့ ခက်ခဲလာပါတယ်။

တစ်ယောက်နဲ့တစ်ယောက် ရုံးပိတ်ရက်တွေ မတူညီတာတွေ၊ သင်တန်းတက်၊ ကျောင်းတက်၊ အချိန်ပိုဆင်းတာတွေနဲ့ တစ်အိမ်ထဲနေပြီး မျက်နှာချင်းမဆိုင်မိတဲ့ မိသားစုတွေလည်း ရှိနေမှာပါ။

Family-Cooking-300x200

ဒါပေမယ့် တစ်ပတ်မှာ တစ်ရက်၊ ဒါမှမဟုတ် အချိန်နာရီပိုင်း တစ်ချို့ကို မိသားစုနဲ့အတူ ဟင်းချက်ရင်း ကုန်ဆုံးတာက ချစ်ခင်ရင်းနှီးမှုကို ပိုရစေမှာပါ။

မိဘတွေနဲ့ သား၊သမီးတွေ အတူဟင်းချက်ရင် ရရှိလာမယ့် ကောင်းကျိုးတွေကို ဝေမျှချင်ပါတယ်။

ချစ်ခင်ကြင်နာမှုတွေပိုမိုရရှိနိုင်

မိဘတွေနဲ့ သား၊သမီးတွေ အတူတူ ဟင်းချက်တာဟာ ကလေးတွေနဲ့ မိဘနဲ့ ပိုရင်းနှီး ချစ်ခင် ကြင်နာမှုကို ရရှိလာသလို၊ မိသားစုရဲ့ နွေးထွေးမှုကို မိဘရော သားသမီးပါ အပြည့်အ၀ ခံစားရနိုင်ပါတယ်။

17044-hispanic-women-preparing-food-pv

ကလေးတွေရဲ့ ဖန်တီးနိုင်မှုကို မြှင့်တင်ပေးနိုင်

ကိုယ့် နားရက်တွေမှာ ဟင်းလျာအသစ်အဆန်းတွေကို ကလေးတွေနဲ့ အတူ ချက်ပြုတ်ရင် သူတို့ရဲ့ ဖန်တီးနိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။

စကားလုံးတွေနဲ့ အယူအဆတွေ သင်ပေးနိုင်

ဟင်းအတူတူ ချက်ရင်း ဟင်းသီးဟင်းရွက် တွေ၊ အသီးအနှံတွေ၊ ဟင်းခတ်အမွေးအကြိုင်တွေရဲ့ နာမည်တွေကို အင်္ဂလိပ်လိုရော ဗမာလိုရော စသဖြင့် ဘာသာစကားတွေအသုံးပြုပြီး သင်ကြားပေးနိုင်ပါတယ်။ ပြီးတော့ ဘယ်လိုချက်ပြုတ်ရမလဲဆိုတဲ့ ဟင်းချက်နည်း အယူအဆတွေကိုလည်း မျှဝေနိုင်ပါတယ်။

070814-F-4127S-021

ပြဿနာဖြေရှင်းတဲ့နည်းလမ်း

ပြဿနာ ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကလည်း ဘဝမှာ အရေးကြီးတဲ့ စွမ်းရည်တစ်မျိုးပါဘဲ။ ဒါကြောင့် ကိုယ်ဟင်းချက်တဲ့အချိန်မှာ ထည့်ရမယ့် ပစ္စည်းတွေ မေ့ကျန်ခဲ့တဲ့အခါမှာ ဒါမှမဟုတ် ထည့်ရမယ့်ပစ္စည်းတွေ ဝယ်လို့မရတဲ့အခါမှာ အရသာရှိအောင် ဘယ်လို အစားထိုးလုပ်ဆောင်သင့်လဲ၊ ဘယ်လိုနည်းလမ်းနဲ့ ပြန်လည်ကုစားလို့ရမလဲဆိုတဲ့ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းတွေ သင့်ကလေးတွေကို သင်ပေးပြီးသားဖြစ်သွားပါတယ်။

စီစဉ်တတ်မှု

ဒီတစ်ပတ် ချက်ပြုတ်မယ့် ဟင်းလျာနဲ့ပတ်သတ်လို့ လိုအပ်မယ့် ပစ္စည်းတွေကို စာရင်းလုပ်ခိုင်းတာ၊ ပြီးတော့ သင့်ကလေးကို ဝယ်ယူစေတာတွေက သူတို့ရဲ့ စီစဉ်တတ်မှုကို သင်ပေးရာရောက်ပါတယ်။

memories_school_cosinheira-1393136.jpg!d

လူမှုရေးနဲ့ တာဝန်ယူစိတ်ရှိမှု

အစားအသောက်တွေ ချက်ပြုတ်ရင်း ကိုယ်စားနေတဲ့ အစားအစာတွေက သူများတွေရဲ့ အခွင့်အရေးကို ချိုးဖောက်ပြီးမှ ရလာတဲ့ အစားအစာတွေကို ဝယ်စားမိနေသလားဆိုတာ လေ့လာ ဆန်းစစ်ဖို့ တစ်ခါတည်း သင်ကြားပေးသင့်ပါတယ်။

ဥပမာ ဥရောပမှာဆိုရင် ကိုယ်ဝယ်တဲ့ အစားအစာတွေက ဘယ်နိုင်ငံက တင်ပို့တာလဲ၊ အဲဒီအစားအသောက်တွေ ရရှိဖို့ ဘယ်သူတွေက လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရလဲဆိုတာ အမြဲတစေ လေ့လာတတ်လေ့ရှိပါတယ်။

160726-F-JN951-044

အဖွဲ့နဲ့ လုပ်ဆောင်တတ်တဲ့စိတ်ဓာတ်ကို ပျိုးထောင်နိုင်ခြင်း

အသက်ငယ်တဲ့ ကလေးတွေတောင် မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်နေချိန် သူတို့ကို ဟင်းရွက်တွေ ချွေခိုင်းတာမျိုးတွေ လုပ်ဆောင်ခိုင်းသင့် ပါတယ်။ ဒါက အဖွဲ့လိုက် အလုပ်လုပ်တတ်တဲ့ စနစ်ကို ငယ်စဉ်ကတည်းက အိမ်မှာ ပျိုးထောင်ခြင်းဘဲ ဖြစ်ပါတယ်။

သန့်ရှင်းမှုနဲ့ အသိအမှတ်ပြုဖို့ လေ့ကျင့်ပေးနိုင်ခြင်း

အစားအသောက် ကို ဘယ်လို သန့်သန့်ရှင်းရှင်းနဲ့ ချက်ပြုတ်ရမလဲ၊ သန့်ရှင်းတဲ့ အစားအသောက်တွေက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူ ပြုသလဲဆိုတာ ဟင်းချက်ရင်းနဲ့ သင်ပြပေးသွားနိုင်ပါတယ်။

အဲ့ဒီအပြင် ဆန်ဟာ ဘယ်လောက်ထိအဖိုးတန်သလဲ။ ဘယ်လို ရလာသလဲ။ စပါးကို တောင်သူတွေက ဘယ်လောက် အပင်ပန်းခံပြီး ၊ အချိန်ဘယ်လောက်ယူပြီး စိုက်မှ ထွက်လာသလဲဆိုတဲ့ အခြေအနေတွေကို ရှင်းပြပေးပြီး ဆန်ရဲ့ တန်ဖိုးကို နားလည်အောင် သင်ကြားပေးလို့ရပါတယ်။

150806-F-BD468-009

အာဟာရတွေအကြောင်း

ဟင်းချက်နေရင်း ဘယ်အစားအစာတွေက ဘယ်လို ဓာတ်တွေ ရှိတယ်၊ ဘယ်လို အာဟာရဓာတ်တွေရှိပြီး ကျန်းမာရေးအပေါ် သက်ရောက်နိုင်မှုတွေကို ပြောပြလို့ရပါတယ်။

မိသားစုအမှတ်တရ တွေ ဖန်တီးနိုင်

ကလေးတွေဆိုတာ တစ်ချိန်ကျရင် လူကြီးဖြစ်ကြတာပါဘဲ။ သူတို့တွေ ကျောင်းတွေ ပြီး ဘွဲ့တွေရ ၊ ဘဝတိုးတက်ဖို့အတွက် တခြားနိုင်ငံ၊ မြို့တွေမှာ သွားရောက်အလုပ်လုပ်ကြတဲ့အခါမှာ တစ်ချိန်က မိသားစုနဲ့ နွေးနွေးထွေးထွေး ဟင်းလျာတွေ ချက်ပြုတ်ခဲ့တဲ့ အမှတ်တရတွေကို သတိရ အောက်မေ့ လာကြမှာပါ။