အာလူးဟာ လူတိုင်းနီးပါး ကြိုက်နှစ်သက်တဲ့ အစားအစာ ဖြစ်ပြီး အိမ်တိုင်းရှိတဲ့ အစားအစာပါ။ အာလူးရဲ့ အကျိုးကျေးဇူးတွေကတော့ ပြောမကုန်အောင် ရှိပေမယ့် သတိထားစေချင်တဲ့ အချက်လေး တစ်ချက်ကို မျှဝေချင်ပါတယ်။ အစိမ်းရောင်သန်းနေတဲ့ အာလူးတွေကို လတ်ဆတ်တယ်ဆိုပြီး စားခြင်းဟာ မှားယွင်းတဲ့ အရာပါ။

greenpotato

အာလူး ပထမဆုံး အခွံကို နွှာလိုက်တဲ့အခါ အသားမှာ အစိမ်းရောင်တွေ ပါနေရင်တော့ သင် အာလူးကိုကြိုက်ပေမယ့်လည်း လွှင့်ပစ်ဖို့ အကြံပေးပါရစေ။ ဘာကြောင့်ပါလဲ။ Solanine လို့ ခေါ်တဲ့ ဓာတ်တစ်မျိုးဟာ အဆိပ်ဖြစ်နေပြီး အာလူးနဲ့ ခရမ်းချဉ်သီးတွေမှာ အတွေ့ရများတဲ့ အဆိပ်ဖြစ်ကြောင်း အစောပိုင်း နှစ်တွေက သတင်းအချက်အလက်တွေနဲ့ ထုတ်ပြန်ထားပါတယ်။

ဒီ အစိမ်းရောင် ရှိတဲ့ အာလူး၊ အညှောင့်တွေ ထွက်နေတဲ့ အာလူးကို စားမိရင် မူးဝေမယ်၊ မအီမသာ ဖြစ်မယ်၊ ဝမ်းလျှောမယ်၊ ပျို့အန်တာတွေ ဖြစ်မယ် အစရှိတဲ့ အစာဆိပ်တက်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

green-potato-1
အာလူးကို အထူးသဖြင့် ကလေးငယ်တွေကို ကြော်ပြီး ကျွေးတတ်တာကြောင့် အထူး ဂရုစိုက်စေလိုပါတယ်။ အစိမ်းရောင်အဖြစ် ပြောင်းလဲနေခြင်းဟာ နေရောင်ခြည်ဓာတ်နဲ့ Chlorophyll တွေ များစွာ ပါရှိနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

Source: Human Health