ကလေးရှိတဲ့ မိခင်တွေအားလုံး DHA ဆိုတာ ကလေးတွေအတွက် အရေးကြီးတယ်ဆိုတာ သိကြပေမယ့် ဘာလို့ တကယ်အရေးကြီးတာလဲဆိုတာ မသိကြပါဘူး။ DHA ဆိုတာ ကလေးတွေရဲ့ ဦးနှောက်၊ မျက်လုံး အာရုံကြော ဗဟိုစနစ်တွေရဲ့ လုပ်ဆောင်ချက်တွေ အကောင်းဆုံး ဖွံ့ဖြိုးတိုးတက်ဖို့ရာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုးပါပဲ။

120926-F-GJ088-039

DHA ဓာတ်ဟာ ဦးနှောက် တည်ဆောက်မှုပိုင်းမှာ အဓိက အရေးပါတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး Omega 3 Fatty Acid Docosahexaenoic Acid (DHA) ဟာ ဦးနှောက် ကျန်းမာရေးနဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုအတွက် အဓိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

လေ့လာတွေ့ရှိချက်အရ DHA ဓာတ်စားသုံးမှုမြင့်မားတဲ့ ကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာရော အမြင်အာရုံပိုင်းဆိုင်ရာ လုပ်ဆောင်မှုမှာရော တခြားကလေးတွေထက် ပိုကောင်းတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

DHA ကိုဘယ်ကရမလဲ

child-children-girl-happy

DHA ကို  အဓိကအားဖြင့်တော့ ဆဲလ်မွန်ငါးလို ငါးတွေကနေရနိုင်သလို ပင်လယ်စာ၊ ရေညှိကနေ ရနိုင်ပါတယ်။ အခုနောက်ပိုင်းမှာတော့ DHA ပါဝင်တဲ့ ဆေးဝါးတွေကို ထုတ်လုပ်လာကြပါပြီ။

ဒါပေမယ့် DHAဓာတ်ဟာ သူတစ်မျိုးတည်းဆိုရင် MDA ဆိုတဲ့ သွေးကြောထဲရှိ အာဟာရဓာတ်တွေကို ပျက်စီးစေနိုင်တဲ့ ဓာတုဓာတ်တစ်မျိုးကြောင့် DHA ဓာတ်ပျက်ပျယ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် DHA ဓာတ် အလွယ်တကူ ဓာတ်တိုးပျက်ပျယ်မသွားအောင် lutein ဓာတ်နဲ့ သဘာဝဗီတာမင် E ပေါင်းစပ်ပြီး ကာကွယ်ဖို့လိုအပ်ပါတယ်။

DHA၊ Lutein နဲ့ သဘာဝဗီတာမင် E ပေါင်းစပ်လိုက်တဲ့အခါ

children-286239_960_720

DHA ကတော့ Omega-3 Fatty Acid ဖြစ်ပြီး ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးရေး၊ အမြင်အာရုံနဲ့ အာရုံကြောစနစ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။  သဘာဝ ဗီတာမင် E ကတော့ Antioxidant တစ်မျိုးဖြစ်ပြီး ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ သဘာဝ ဗီတာမင် E က ကလေးတွေရဲ့ ဥာဏ်ရည် ဖွံ့ဖြိုးမှုအတွက်ပိုမိုအရေးပါပြီး၊ ခန္ဓာကိုယ်ကနေ အာဟာရဓာတ် စုပ်ယူမှုကို အပြည့်ရရှိစေပါတယ်။ Lutein  ဓာတ်ဟာလည်း ကလေးတွေရဲ့ ဥာဏ်ရည်ကို ဖွံ့ဖြိုးစေပြီး အမြင်အာရုံနဲ့ သိမြင်မှုဆိုင်ရာစွမ်းရည်တွေကို တိုးတက်စေပါတယ်။

DHA ဓာတ်ဟာ ဓာတ်တိုးပျက်ပျယ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ အထူးသဖြင့် ဦးနှောက်စွမ်းဆောင်ရည်ကို တက်ကြွစေတဲ့ တစ်ရှူးလေးတွေဟာ ဓာတ်တိုးပျက်ပျယ်နိုင်ပါတယ်။ ဒါ့ကြောင့် DHA ဓာတ်တိုးပျက်ပျယ်မှုကို ကာကွယ်ဖို့အတွက် Lutein နဲ့ သဘာဝဗီတာမင် E တို့လို အစွမ်းထက် Antioxidant ကို ဖြည့်စွက်ဖို့လိုအပ်ပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုအရ Antioxidants တွေဟာ ဦးနှောက်ဆက်သွယ်မှုကို ပိုမို ဖွံ့ဖြိုးဖို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ ဒါ့ကြောင့် Antioxidant ဟာ လေ့လာသင်ယူမှု လွယ်ကူစေဖို့အတွက် ကလေးငယ်တွေရဲ့ အစောဆုံး ဦးနှောက်ဖွံ့ဖြိုးမှုကို များစွာအထောက်အပံ့ဖြစ်စေပါတယ်။

DHA ၊ သဘာဝ ဗီတာမင် E နဲ့ Lutein ဓာတ် ပါဝင်တဲ့ အစားအစာကို ကျွေးမယ်ဆိုရင် သင့် ကလေးရဲ့ ဥာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ လေ့လာသင်ယူမှုကို ပိုမိုမြန်ဆန်စေပါတယ်။

Similac