အခုခေတ်မှာ လူတွေအများစုဟာ အလုပ်တွေ ပိုရှုပ်လာကြတာကြောင့် အိမ်မှာ ဟင်းမချက်စားတော့ဘဲ အပြင်မှာဘဲ ထွက်စားနေကြပါတယ်။

ဒါပေမယ့် အိမ်မှာ ဟင်းချက်စားတာဟာ ငွေကုန်ကြေးကျနည်းတဲ့အပြင် တခြား ကောင်းကျိုးတွေ အများကြီးရှိတယ်ဆိုတာ သိရင် သင်ဟာ အပြင်ထွက်ပြီး စားတော့မှာမဟုတ်ပါဘူး။

စိတ်ဖိစီးမှုကို လျော့ကျစေခြင်း

woman-cooking-soup

ဟင်းချက်တာက ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုများလာရင် မီးဖိုချေင်ထဲသွားပြီး ကိုယ်ကြိုက်တဲ့ ဟင်းလျာကို ချက်စားလိုက်ပါ။ စားပြီးရင် သင့်စိတ်ဖိစီးမှုတွေ လျော့ကျလာပါလိမ့်မယ်။

အသစ်တွေကို စမ်းသပ်ချင်စိတ်ဖြစ်လာခြင်း

pexels-photo-271458

ဟင်းလျာတွေ ချက်ပြုတ်ရင်း ကိုယ်မချက်ဖူးတဲ့ ဟင်းလျာအသစ်တွေပါ စမ်းသပ်ချက်ပြုတ်ချင်စိတ်ဖြစ်လာပါလိမ့်မယ်။ အဲ့လို ဟင်းလျာအသစ်တွေ စမ်းသပ်ချက်ပြုတ်ရင်း အသစ်အဆန်းကို စမ်းသပ်၊ စွန့်စားချင်စိတ်တွေက အကျင့်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် သင့်အလုပ်မှာလည်း အသစ်အဆန်းကို မစိုးရိမ် မကြောက်ရွံ့တဲ့ စိတ်ကြောင့် ပြောင်းလဲ အောင်မြင်လာပါလိမ့်မယ်။

တခြားသူတွေဆီက လေ့လာသင်ယူနိုင်ခြင်း

shutterstock_636553817
သူငယ်ချင်းတစ်ယောက်က ချက်ပြုတ်လာတဲ့ ဟင်းလျာကို ကြိုက်နှစ်သက်ရင် ဘယ်လိုချက်တာလဲဆိုပြီး မေးမြန်းတတ်လာပါလိမ့်မယ်။ တခြားမချက်တတ်တဲ့သူတွေကိုလည်း ဟင်းချက်နည်း ပြောပြချင်စိတ်တွေ ပိုများလာပါမယ်။

ဒါက ဝေမျှခြင်းနဲ့သင်ယူခြင်း အစပါဘဲ။ ဟင်းချက်ရင်းနဲ့ ဒီလို အလေ့အကျင့်တွေမှာ သင့်မှာ စွဲမြဲလာပါလိမ့်မယ်။

ကိုယ်ပိုင် ဟင်းလျာတွေ တီထွင်နိုင်ခြင်း

17269791_1003765463086869_1326711087_o-e1489720470916

ကိုယ်ပိုင် အသစ်အဆန်းဟင်းလျာတွေ တီထွင်ချက်ပြုတ်ရတာလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်အိမ်မှာရှိတဲ့ ပါဝင်ပစ္စည်းတွေနဲ့ဟင်းလျာ အသစ်အဆန်းတွေကို ချက်ပြုတ်နိုင်ပါတယ်။

တခြားသူများနဲ့ ဝေမျှစားသုံးနိုင်ခြင်း

23022239_1283114468460209_1426506275_n

ကိုယ်တိုင် ဟင်းလျာ ကောင်းကောင်းချက်ပြုတ်နိုင်လာရင် ကိုယ်ချက်တဲ့ဟင်းလျာတွေကို သူငယ်ချင်းတွေ ဖိတ်ပြီး ဝေမျှစားသုံးနိုင်ပါတယ်။ ဒါက ပိုက်ဆံကုန်ကျစရိတ်လည်း နည်းပြီး လူမှုဆက်ဆံရေးလည်း ပိုကောင်းလာပါတယ်။

ဘယ်အချိန်ဖြစ်ဖြစ် ချက်လို့ရခြင်း

cooking-1013455_1280

ကိုယ့် ရေခဲသေတ္တာထဲမှာ ဟင်းချက်စရာတွေ ရှိနေရင် ညသန်းခေါင်ဘဲဖြစ်ဖြစ်၊ နေ့လည်ဘဲ ဖြစ်ဖြစ် ကိုယ်စားချင်တဲ့အချိန်တိုင်း ချက်ချင်း ချက်ပြုတ်စားသောက်လို့ရပါတယ်။

ပျော်နေရင်ဖြစ်ဖြစ် ဝမ်းနည်းနေရင်ဖြစ်ဖြစ် ပျင်းနေရင်ဘဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ချက်ပြုတ်စားသောက်လို့ရပါတယ်။

ကိုယ်ချက်တဲ့ အစားအစာက တခြား အစားအစာတွေထက်ပိုကောင်းခြင်း

vegetables-knife-paprika-traffic-light-vegetable-40191

ကိုယ်ကြိုက်တဲ့ အစားအစာကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ရတဲ့ အရသာဟာ တခြား နာမည်ကြီး စားသောက်ဆိုင်က အစားအစာတွေနဲ့ မတူဘဲ တမူထူးခြားကောင်းမွန်ပါတယ်။

ကိုယ့်ကိုကို စိတ်ကျေနပ်မှုကိုလည်း ခံစားရမှာဖြစ်ပါတယ်။

ပျော်စရာကောင်းခြင်း

cooking-2519657_1280

မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် ဟင်းအတူတူ ချက်စားရတာ ပျော်ဖို့ကောင်းပါတယ်။ ကိုယ့်လက်နဲ့ကိုယ်တိုင် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို သူငယ်ချင်းတွေ မိသားစုတွေ က မြိန်ရည်ရှက်ရည်နဲ့ စားတာကို တွေ့ရတဲ့ ခံစားချက်က အရမ်းကို ပျော်ဖို့ကောင်းပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့်က ပံ့ပိုးကူညီပေးထားပါတယ်။

image001

ခနောကြက်သားမှုန့်

ခနောနဲ့ဆိုရင် မိသားစုရဲ့ ထမင်းဝိုင်းလေးက အနံ့အရသာနဲ့ ပြည့်စုံပြီး အာဟာရရှိတဲ့ ပျော်ရွှင်စရာ မိသားစုထမင်းဝိုင်းလေး ဖြစ်လာမှာပါ။

ခနော ကြက်သားမှုန့်က မြန်မာနိုင်ငံမှာ ချက်ပြုတ်လေ့ရှိတဲ့ လူမျိုးတိုင်းရဲ့ ရိုးရာ ဟင်းလျာတွေနဲ့ လိုက်ဖက်အောင် အသုံးပြုလို့ရအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

ခနောကုမ္ပဏီကို လွန်ခဲ့တဲ့ နှစ် ၁၇၉နှစ်၊ ၁၉၃၉ ခုနှစ်က Carl Heinrich Knorr က ဂျာမနီနိုင်ငံ မှာ တည်ထောင်ခဲ့တာဖြစ်ပြီး အသီးအရွက်အခြောက်တွေ၊ ဆေးဘက်ဝင် အရွက်တွေကနေ အရသာရှိပြီး အာဟာရရှိမယ့် ဟင်းခတ်အမွှေးအကြိုင်တွေကို တီထွင်ခဲ့တာပါ။ အခုအထိလည်း ခနောရဲ့ ကျွမ်းကျင်တဲ့ စားဖိုမှူးကြီးတွေကလည်း နေ့စဉ် အရသာအသစ်တွေကို သုတေသနပြုလုပ် ဖော်ထုတ်လျှက်ရှိပါတယ်။