နွားနို့ဟာ ကယ်လ်ဆီယမ် ကြွယ်ဝမှု အများဆုံး အစားအစာတစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအစာပါ။ ကျန်းမာတဲ့ဘဝအတွက် နေ့စဉ်ဝိတ်ထိန်းတဲ့ အစီအစဉ်မှာလည်း နို့ကို ထည့်ထားသင့်ပါတယ်။ ကျန်းမာရေးအကျိုးပြုမှု များစွာရှိတဲ့ နို့ကို နေ့တိုင်း သောက်ပေးခြင်းဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်ပါသလဲ။

၁။ သွားတွေကို ခိုင်ခံ့စေနိုင်

နို့ကို နေ့စဉ် သောက်သုံးပေးခြင်းဖြင့် သွားတွေကို သန်မာစေပြီး ခိုင်ခံ့စေပါတယ်။ သွားနာခြင်း၊ သွားပိုးစားခြင်းနဲ့ သွားအခေါင်းပေါက် ဖြစ်ခြင်းတို့ကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၂။ အရိုးတွေကို သန်မာစေ

လူတိုင်း အရိုးတွေ သန်မာစေဖို့ဆိုရင် နို့ကို နေ့တိုင်း သောက်ပေးသင့်ပါတယ်။ အထူးသဖြင့်ကလေးတွေပေါ့။ အရိုးပွခြင်း၊ ဒူးနာခြင်းနဲ့ အရိုးတွင်း အဆီခန်းခြောက်ခြင်း တို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ကြွက်သားတွေကို ကြီးထွားစေနိုင်

နို့မှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာရဲ့  ကြွက်သားတွေကို တိုးစေပြီး အဆီကို လျော့စေပါတယ်။

၄။ အရေပြား ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်

နို့ဟာ အရေပြားနဲ့ အသားအရည်အတွက် ကောင်းမွန်တဲ့ ဆေးတစ်မျိုးပဲ ဖြစ်ပါတယ်။ နို့ကို နေ့စဉ် သောက်ပေးခြင်းဖြင့် နေလောင်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ တင်းတိပ်နဲ့  အစက်အပြောက်တွေကို သက်သာစေပါတယ်။ အသားအရည် ကြည်လင်ပြီး ကျန်းမာတဲ့ အရေပြားကို ရစေပါတယ်။

MIlk

၅။ စိတ်ဖိစီးမှု လျော့ချပေးနိုင်

နို့သောက်ခြင်းဟာ စိတ် ဖိစီးမှုကို လျော့ချပေးနိုင်တယ် ဆိုတာ သိသူနည်းပါတယ်။ အဲ့ဒီအချက်ဟာ အမှန်တကယ်ပါ။ နို့မှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်တဲ့ အတွက် စိတ်ဖိစီးမှုကို လျော့ချပေးဖို့ ကောင်းကောင်း အလုပ်ပေးနိုင်ပါတယ်။

တစ်ခု သတိထားရမှာ နို့ကို ဝမ်းထဲအစာ မရှိရင်တော့ မသောက်သင့်ပါဘူး။ အထူးသဖြင့် မနက်အိပ်ယာ ထထခြင်း သောက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အစာအိမ်ဟာ တစ်ညလုံး အလုပ်လုပ်ထားပြီး ချေဖျက်ဖို့ ခက်ခဲတဲ့ အစာအနည်းငယ်ပဲ ကျန်နေပါတယ်။ နို့ဟာ ပရိုတိန်း ကြွယ်ဝတတဲ့ အတွက် အစာချေဖျက်တဲ့ အက်ဆစ်ဟာ ချေဖျက်ဖို့ ကောင်းကောင်း ဓာတ်မပြုပါဘူး။ ဒါကြောင့် နို့ဟာအာဟာရမဖြစ်စေဘဲ အစာမကြေခြင်းနဲ့ ဝမ်းလျော ဝမ်းပျက် ခြင်း တို့ကို ဖြစ်စေတတ်ပါတယ်။ မနက်ပိုင်းမှာ နို့ကို သောက်မယ် ဆိုရင်တော့ အစာတစ်ခုခုနဲ့ တွဲစားဖို့ အကြံပြုပါရစေ။

Credit: Zee News