သွားကိုက်တာ ဘယ်လောက်ထိခံရခက်လဲဆိုတာတော့ သွားကိုက်ဖူးတဲ့သူပဲသိပါလိမ့်မယ်။ သွားလေးကိုက်တာပဲ ဘာဖြစ်လို့လဲလို့တွေးမိမဲ့သူရှိနိုင်ပေမဲ့ သွားကိုက်တာဟာ ထိုင်မရထမရ အိပ်မရ စားမရနဲ့ အသည်းကွဲဝေဒနာထက်ဆိုးတယ်ဆိုတာ သွားကိုက်ဖူးတဲ့သူတိုင်းသိကြမှာပါ။

ဒီတော့ သွားအရမ်းကိုက်တဲ့အခါ သဘာဝနည်းလမ်းလေးနဲ့ ဖြေရှင်းလိုက်ရအောင်ပါ။

ပါဝင်ပစ္စည်း

toothacheremedy

လေးညှင်းပွင့်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်

အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ခြင်း

teethinghomeremedy

ခွက်တစ်လုံးထဲတွင် ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုထည့်ပြီး မွှေလိုက်ပါ။ ပြီးတာနဲ့ချက်ချင်း သွားနဲ့ သွားဖုံးပေါ်မှာ လိမ်းပေးလိုက်ပါ။ သွားကိုက်နေတဲ့နေရာကိုလိမ်းပေးရမှာဖြစ်ပါတယ်။ မိနစ်အနည်းငယ်ကြာတာနဲ့ သက်သာလာမှာပါ။ တစ်နေ့ကို ၃ ကြိမ် သွားကိုက်မသက်သာမချင်းလုပ်ပေးလို့ရပါတယ်။

လေးညှင်းပွင့်ဟာ နာကျင်မှုကို သက်သာစေတဲ့ဂုဏ်သတ္တိတွေပါဝင်လို့ သွားကိုက်ဝေဒနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေမှာဖြစ်ပါတယ်။

ဒါ့အပြင် ဘက်တီးရီးယားပိုးမွှားတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။