အားလုံးပဲမဂ်လာပါနော်။ ဒီတခါမှာတော့ အလွယ်တကူလည်း ဝယ်လို့ရတယ်။ ဈေးလည်းအရမ်းမကြီးဘဲ လူတန်းစားမရွေး ဝယ်ယူစားသုံးနိုင်တဲ့ ငှက်ပျောသီးက စာဖတ်သူတို့ရဲ့ ကျန်းမာရေးကို များစွာအကျိုးပြုနေပါတယ်။

ဒီလိုကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ငှက်ပျောသီးမှာ စာဖတ်သူတို့အတွက် ဘယ်လိုအကျိုးပြုနေသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

ငှက်ပျောသီးစားပေးရင် ကျန်းမာရေးနဲ့ပတ်သက်လို့ရရှိနိုင်မယ့် အကျိုးကျေးဇူး (၁၁) ခုကို မျှဝေပေးချင်ပါတယ်နော်။

၁။ အာဟာရဓာတ်တွေများစွာပါဝင်

ငှက်ပျောသီးက ကမ္ဘာပေါ်မှာ နာမည်ကျော်လူကြိုက်များတဲ့အသီးတစ်မျိုးပါ။

သူ့မှာ အဖိုးတန်လှတဲ့ အာဟာရဓာတ်တွေများစွာပါဝင်နေပါတယ်။

ပိုတက်ဆီယမ် ၉ %

ဗီတာမင် B6 ၃၃ %

ဗီတာမင် စီ ၁၁ %

မဂ္ဂနီဆိယမ် ၈ %

ကြေးနီဓာတ် ၁၀ %

မဂ္ဂနစ် ၁၄ %

အမျှင်ဓာတ် ၃.၁ ဂရမ်

အဆီ ဝ.၄ ဂရမ် စတာတွေပါဝင်ပြီး ငှက်ပျောသီးတစ်လုံးမှာ ကယ်လိုရီပမာဏ ၁၀၅ ပဲပါဝင်လို့ ဝိတ်ချနေတဲ့မမတွေအတွက်လည်းသင့်တော်ပါတယ်နော်။

၂။ နှလုံးကျန်းမာရေး

အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာက နှလုံးကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ ငှက်ပျောသီးလို အမျှင်ဓာတ်များတဲ့ အသီးအနှံကိုစားပေးရင် နှလုံးကိုကျန်းမာစေပြီး နှလုံးသွေးကြောကျဉ်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ အစာချေစနစ်ကောင်းမွန်စေခြင်း

ဝမ်းချုပ်နေရင် ငှက်ပျောသီးစားလို့ ငယ်ငယ်က လူကြီးမိဘတွေက ညွှန်းပေးလေ့ရှိကြပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေတဲ့အမျှင်ဓာတ်ကြွယ်ဝတာမို့ အစာချေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

၄။ သွေးဖိအားကောင်းမွန်စေခြင်း

ပိုတက်ဆီယမ်ဓာတ်ပါဝင်ပြီး ဆားဓာတ်ပါဝင်မှုနည်းတာမို့ သွေးဖိအားကို ထိန်းပေးနိုင်ပါတယ်။

၅။ ဗိုက်ပြည့်ပြီး အားပြည့်စေလို့ ကိုယ်အလေးချိန်လည်းကျစေနိုင်

ငှက်ပျောသီးစားလိုက်ရင် ဗိုက်ပြည့်ပြီး အားလည်းရှိစေတာကြောင့် ကိုယ်အလေးချိန်လျှော့ချနေသူအတွက် သိပ်ကိုကောင်းမွန်ပါတယ်။ အစာစားချင်စိတ်ကိုလည်း လျှော့ချပေးပါတယ်။

၆။ ကျောက်ကပ်ကျန်းမာစေခြင်း

ငှက်ပျောသီးက သွေးဖိအားကိုထိန်းပေးနိုင်သလို ကျောက်ကပ်ရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ပိုတက်ဆီယမ်ပါဝင်တာကြောင့် ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ တစ်ပတ်ကို ငှက်ပျောသီး ၂-၃ ကြိမ်စားတဲ့သူတွေက ကျောက်ကပ်ရောဂါဖြစ်ပွားမှုကို ၃၃ %  လျှော့ချပေးတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။