ယူကလစ်အရွက်ကနေ အဆီကို ထုတ်ယူတာဖြစ်ပါတယ်။ ယူကလစ်ပင်ကို သြစတေးလျမှာ စတင်တွေ့ရှိတာဖြစ်ပြီး အခုတော့ ကမ္ဘာအနှံ့အပြားမှာ စိုက်နေပါတယ်။ ယူကလစ်ဆီကို ဆေးဝါးထုတ်လုပ်တဲ့နေရာမှာတင်မကပဲ အလှကုန်တွေမှာလည်းအသုံးပြုနေကြပါတယ်။

ကျန်းမာရေးအကျိုးကျေးဇူး

အနာကျက်စေ

ယူကလစ်ဆီက ထိခိုက်ဒဏ်ရာ၊ ပြတ်ရှရာ၊ အပူလောင်ဒဏ်ရာ၊ အပူဖုတွေကို ပျောက်ကင်းစေပါတယ်။ ယူကလစ်ဆီသုတ်ထားရင် အနာကို ပိုးဝင်တာတွေကိုလည်း ကာကွယ်ပေးပါတယ်။

အသက်ရှူလမ်းကြောင်း ပြဿနာတွေကို ကုသပေးနိုင်

ယူကလစ်ဆီက အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အအေးမိ၊ နှာစေး၊ လည်ချောင်းနာ၊ ပန်းနာရင်ကျပ် စတာတွေကို ကုသပေးနိုင်ပါတယ်။

ယူကလစ်ဆီက ဘက်တီးရီးယား၊ မှို တွေစတာတွေကို တိုက်ဖျက်ပေးနိုင်ပြီး ရောင်ရမ်းတာတွေကို လျော့ချပေးပါတယ်။

ယူကလစ်ဆီကို ရေနွေးနွေးနဲ့ရောပြီး ပလုပ်ကျင်းပေးရင် လည်ပင်းနာတာကို ပျောက်ကင်းစေပါတယ်။

ပန်းနာရင်ကြပ်က အခုခေတ်မှာ လူသန်းပေါင်းများဖြစ်ပွားနေတဲ့ ရောဂါတစ်မျိုးပါ။ ယူကလစ်ဆီနဲ့ ပန်းနာရင်ကြပ်ကို သက်သာအောင် ပြုလုပ်လို့ရပါတယ်။ ယူကလစ်ဆီကို ရင်ဘတ်ပေါ်မှာ ၁ စက်ကနေ ၃ စက်ကြားလောက်လိမ်းပေးပါ။ ယူကလစ်ဆီက သွေးကြောတွေကို အနည်းငယ်ကျယ်စေပြီး အဆုတ်ထဲကို အောက်စီဂျင်ပိုရောက်စေကာ ပန်းနာရင်ကြပ်ရောဂါကို သက်သာစေပါတယ်။

စိတ်ပင်ပန်းမှုကို ဖယ်ရှားပေး

ယူကလစ်ဆီက စိတ်ပင်ပန်းမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှုတွေကို သက်သာပျောက်ကင်းစေပါတယ်။

စိတ်ဖိစီးမှုကို ပြေပျောက်စေပြီး ဦးနှောက်ထဲကို အောက်စီဂျင်နဲ့ သွေး ပိုရောက်စေပါတယ်။

ဦးနှောက်ထဲ သွေးပိုရောက်ရင် ဦးနှောက်စွမ်းအားပိုကောင်းစေပြီး စာသင်ကြားမှုတွေ၊ အလုပ်တွေမှာ အာရုံပိုစိုက်နိုင်လာပါတယ်။