အိပ်ယာဝင်ခါနီးတဲ့အချိန်တွေမှာ အစားအစာတွေကိုစားခြင်းဟာ ကျန်းမာရေးအတွက် မကောင်းသလို ကိုယ်အလေးချိန်လျှော့ချနေသူတွေ အတွက်လည်း မကောင်းပါဘူး။ အစာမကြေဗိုက်အောင့်ဖြစ်တတ်ပြီး အဆီတွေကို တက်စေပါတယ်။ ဒါကြောင့် အိပ်ခါနီး မစားသင့်တဲ့ အစားအစာတွေကို မျှဝေချင်ပါတယ်။

လက်ဖက်ရည်၊ ကော်ဖီ

ကဖိန်းဓာတ်ပါတဲ့ အတွက် အိပ်စက်ခြင်းကို အနှောက်အယှက် ဖြစ်စေပါတယ်။ ကဖိန်းဓာတ်ဟာ ဦးနှောက်နဲ့ အာရုံခံ အဖွဲ့အစည်းကို တက်ကြွအောင် လှုံ့ဆော်ပေးတဲ့အတွက် လူဟာ လန်းဆန်းနေပြီး အိပ်စက်ခြင်းကို ကြန့်ကြာစေပါတယ်။ လက်ဖက်သုပ်လည်း ထိုနည်းအတိုင်းပါပဲ။

အာလူးကြော်

TV ကြည့်ရင်း စားတဲ့ အစားအစာအဖြစ် လူအများ ညဖက်မှာ စားကြပါတယ်။ အာလူးကြော်ဟာ ကြေညက်ဖို့အတွက် အချိန်အတော်ကြာ ယူရပါတယ်။ အိပ်ခါနီး စားတဲ့ အတွက် အဆီတွေကိုစုနေတတ်ပြီး မနက်အိပ်ယာထတဲ့အခါ မအီမလည်နဲ့ လေပွခြင်းတို့ကို ခံစားရစေပါတယ်။

ချိုလွန်းတဲ့အစားအစာများ

Sweets

အချိုလွန်ကဲတဲ့ အစားအစာတွေဟာ နံနက်နဲ့ နေ့လည်တွေမှာပဲ စားပေးသင့်ပါတယ်။ အချိုဓာတ်လွန်ကဲတဲ့ အစားအစာတွေဟာ ဦးနှောက်ကို ကောင်းကောင်း လှုံ့ဆော်ပေးနိုင်တဲ့ အတွက် အိပ်မပျော်တာတွေ ဖြစ်စေတတ်ပါတယ်။
စာမေးပွဲ ရှိတဲ့လူတွေကတော့ အဆင်ပြေစေမှာပါ။

အရက်သေစာ

အရက်သောက်ပြီး အိပ်ရင် ကောင်းတယ်လို့ ယူဆပြီး လူအများဟာ အရက်ကို ညအိပ်ယာဝင်ခါနီး သောက်တတ်ကြပါတယ်။ ဒါ မှားယွင်းပါတယ်။ အရက်ဟာ အိပ်စက်ခြင်းကို နှောင့်ယှက်ပေးပါတယ်။ အရက် မူး၍ အိပ်ပျော်နေတယ်လို့ထင်ရသော်လဲ၊ ကာယကံရှင်ကတော့ အိပ်မက်ဆိုးတွေမြင်မက်ခြင်း၊ ဂယောင်ဂတမ်းပြောဆိုအော် ဟစ်ခြင်း၊ ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခံခြင်း စတဲ့ဝေဒနာများဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်လေ့ မရှိပါဘူး။ အရက်ကို ဆေးဖြစ်ဝါးဖြစ် မှီဝဲကြသူများအတွက် အရက်သောက်ရန်အသင့်တော်ဆုံးအချိန်မှာ ညအိပ်ယာမဝင်ခင် ၄-နာရီခန့်အလိုမှာဖြစ်ပါတယ်။