သီတင်းကျွတ် ကာလကို ရောက်တာနဲ့ အများဆုံးက မင်္ဂလာဆောင်ပွဲတွေပါပဲ။ ချစ်ခင်နှစ်သက်တဲ့ လူနဲ့ ရွှေလက်တွဲရတော့မယ့် အချိန်မို့ သတို့သား၊ သတို့သမီးတို့ ပျော်မဆုံး မော်မဆုံး ကာလာ တွေပါပဲ။ ဘယ်မင်္ဂလာဆောင်မဆို အားလုံးဟာ ကြိုတင် စီစဉ်ရတဲ့ ပွဲတွေချည်းပါပဲ။ သတို့သား သတို့သမီး အဝတ်အစားက အစ ဟန်းနီးမွန်းထွက်မယ့် နေရာတွေ အထိ အဆုံး အားလုံးဟာ စနစ်တကျ စီစဉ်ထားကြတဲ့ အရာတွေပါ။

ဒီထဲမှာ အင်မတန် လှပတဲ့ သတို့သမီး ဝတ်စုံလည်း အပါအဝင်ပါပဲ။ မင်္ဂလာဆောင်မယ့် အချိန်ကျမှ ဝတ်စုံဝတ်လိုက်တဲ့ အခါ အသက်ရူရ ကြပ်နေတာမျိုး ဝတ်စုံဟာ ကိုယ်နဲ့ အနည်းငယ် ကြပ်နေတာမျိုးတွေ မဖြစ်ရအောင် မင်္ဂလာမဆောင်ခင် ရှောင်သင့်တဲ့ အစားအစာတွေကို သတိထားရပါမယ်။

junk-food

၁. Junk Food
မင်္ဂလာဆောင်ပွဲ အတွက် စီစဉ်ရတဲ့ ကာလတွေဟာ စိတ်ဖိစီးမှု အနည်းနဲ့ အများ ရှိတဲ့ ကာလတွေပါပဲ။ ဒါကြောင့် အစားအစာတွေကို သတိမထားမိဘဲ စားဖြစ်တတ်ကြပါတယ်။ ပီဇာ အကြီးဘကီးကို တစ်ခါတည်း စားလိုက်တာမျိုး ဒိုးနပ်တွေကို မရပ်မနား စားမိတာမျိုးတွေ ရှိတတ်ပါတယ်။ TV ကြည့်ရင်း အာလူးကြော်စားတာမျိုးတွေ အပါအဝင် ဖိတ်စာဝေရင်း မြန်မြန် ဗိုက်ပြည့်စေမယ့် Readymade အစားအစာတွေ စားတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီ အစားအစာတွေဟာ အစာကြေညက်မှုနှုန်း နှေးကွေးစေပြီး ခါးပတ်လည်မှာ အဆီတွေကို စုစေနိုင်ပါတယ်။ သွေးအတွင်း သကြားဓာတ် အချိုးအစား တက်လာပြီး သင့်ကို ဝစေပါလိမ့်မယ်။

beans

၂။ ပဲများ
ပဲဟာ ကျန်းမာစေတဲ့ အရာ ဖြစ်ပေမယ့် မင်္ဂလာမဆောင်ခင်တော့ ခဏ ရှောင်ထားပါ။ ပရိုတင်းဓာတ် ကြွယ်ဝစေတဲ့ အစားအစာ ဖြစ်ပြီး အသားတိုးစေနိုင်တဲ့ အကြောင်းပြချက်လည်း ဖြစ်တာကြောင့် သင် ခဏတော့ ရှောင်ထားပါ။

dairy

၃။ နို့ထွက်ပစ္စည်း
မင်္ဂလာပွဲ မတိုင်ခင် တစ်ပတ်နဲ့ နှစ်ပတ်အတွင်း ရှောင်ပေးပါ။ ဒိန်ချဉ်တစ်မျိုးတည်းကိုပဲ စားလို့ရပါတယ်။ နွားနို့၊ ချိစ်နဲ့ အခြား ခရင်မ်တွေကိုတော့ ၂ပတ်လောက် ရှောင်ထားပါ။

artifical-sweetener

၄။ အချိုရှောင်ပါ
အချိုရှောင်ပါလို့ ပြောရာမှာ သကြားရော သကြားမဟုတ်တဲ့ အချိုရော ပါပါတယ်။ ဆိုဒါ၊ Sugar- Free ချိုချဉ်နဲ့ Artificial Sweeteners တွေကိုလည်း ရှောင်သင့်ပါတယ်။ သူတို့ဟာ အစာကို ကြေညက်စေဖို့ အနည်းငယ် ကြာရှည်မှာ ဖြစ်လို့ မစားသင့်ပါဘူး။

salty-foods

၅။ အငန်ရှောင်ပါ
ဆားများတဲ့ အစားအစာတွေကို လျှော့စားပါ။ ငပိရည် ငပိထောင်းတောင် ဖြစ်နိုင်ရင် ၁လအတွင်းမစားပါနဲ့။ ဆိုဒီယမ် များတဲ့အ ခြား အစားအစာတွေကိုလည်း ရှောင်ပါ။

carbonated-beverages

၆။ ကာဗွန်နိတ် ဖျော်ရည်တွေကို ရှောင်ပါ
ဆိုဒါ၊ စပါကလင် အစရှိတဲ့ အမြုပ်ပါတဲ့ အရည်တွေကို ရှောင်ပါ။ ကိုလာလို အရည်မျိုးတွေ မသောက်ပါနဲ့။ ဖြစ်နိုင်ရင် Readymade အချိုရည်တွေ အားလုံးကို ရှောင်ပါ။ အသီးဖျော်ရည်ကို အချိုလျှော့ သောက်ပါ။

alcohol

၇။ အရက် မသောက်ပါနဲ့
အရက် မသောက်ဘူး ဘီယာ သောက်တယ်ဆိုတာမျိုးလည်း မရပါဘူး။ အယ်ကိုဟော ပါတဲ့ အရာတိုင်းကို တစ်လလောက် ရှောင်သင့်ပါတယ်။ သောက်ချင်ရင်တော့ ဝိုင်နီတစ်ခွက်ကိုပဲ သောက်ပေးပါ။

chewing-gum

၈။ ပီကေ မစားပါနဲ့
ပီကေ စားခြင်းဟာ ကြွက်သားတွေထဲကို လေ ပိုပြီး ရောက်စေတဲ့ အတွက် သင့်ကို ဝလာစေပါတယ်။ အချို့ Diet Plan တွေမှာ ပီကေတောင် မစားခိုင်းတတ်ကြပါဘူး။

ဒါကတော့ သတို့သမီးတွေ မင်္ဂလာပွဲ မတိုင်ခင် ရှောင်ရမယ့် အစားအစာတွေပါ။ ထမင်းကိုလည်း သိပ်အများကြီး မစားဘဲ ချင့်ချိန်ပြီး စားပေးပါ။ ကျန်းမာပြီး ကိုယ်အလေးချိန် ကျစေဖို့အတွက် Diet Plan တွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး စားပေးပါ။ တတ်နိုင်သလောက် အိပ်ရေး၀၀ အိပ်ပါ။ အသားအရေပါ စိုပြည်စေဖို့ ရေများများ သောက်ပေးပါ။ လှပတဲ့ သတို့သမီးလေးတွေ ဖြစ်စေဖို့ အတွက် ကျန်းမာပြီး ကိုယ်လေးချိန် လျှော့ချနိုင်ကြပါစေ။

Source:popsugar