ဖရုံသခွား (Zucchini) အသားညှပ်ကြော်

Share this on:

ဒီအသီးကတော့ Zucchini လို့ခေါ်တဲ့ ဖရုံသခွားအရှည်မျိုးပါ ။ အတွင်းမှာ ဖရုံသီးနဲ့တူပေမဲ့ အသီးပုံသဏ္ဍာန်က သခွားသီးနဲ့တူပါတယ် ။ ဒါကြောင့် ကျွန်မက ဖရုံသခွားသီးလို့ဘဲ   ခေါ်ချင်ပါတယ် ။ ချက်စားကြည့်ရအောင်နော် ။

ဖရုံသခွာ

ဖရုံသခွာအတွက်

ပါဝင်ပစ္စည်းများ

  • ရေုံသခွားသီး
  • ဝက်သား (သို့မဟုတ်) ကြက်အသား  (တောက်တောက်စင်း (ကြိတ်))
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ဂျင်း
  • ဆား
  • အရသာမှုန့်
  • ငရုပ်ကောင်းမှုန့် (သို့မဟုတ်) တရုတ်မဆလာ (ရှောက်ကောပါကေား)
  • ဂျုံမှုန့် (အကြော်မှုန့်)
  • ကြက်ဥတစ်လုံး
  • ဆီ

ပြင်ဆင်ပြုလုပ်နည်း

  1. ဖရုံသခွားသီးကို ရေစင်အောင်ဆေးပြီး မထူမပါး လှီးပါမယ် ။ လှီးတဲ့အခါမှာ အသီးကို ပြတ်မသွားအောင် ဂရုစိုက်ပြီး နှစ်ချပ်ကို       တစ်လွှာရအောင် လှီးပါတယ် ။ အချပ်နှစ်ခုကို ပြတ်မသွားအောင် လှီးထားရပါမယ် ။
  2. အသီးထဲကို အသားညှပ်ဖို့အတွက် ဝက်သား (သို့မဟုတ်) ကြက်အသားချည်းကို တောက်တောက်စင်း (ကြိတ်)ပြီး ကြက်သွန်ဖြူ ၊    ကြက်သွန်နီ၊ ဂျင်းတို့ဖြင့် ရောပါတယ်။ ဆား၊ အရသာမှုန့်၊ ငရုပ်ကောင်းမှုန့် (သို့မဟုတ်) တရုတ်မဆလာ (ရှောက်ကောပါကေား) တို့ထည့်ပြီး နယ်ထားလိုက်ပါတယ်။
  3. နစ်ချပ်စီ လှီးထားတဲ့ အသီးတွေ အဆင်သင့်ဖြစ်ပြီးဆိုလျှင်  အသီးထဲကို အသားညှပ်ဖို့အတွက် ဝက်သား (သို့မဟုတ်) ကြက်အသားချည်းကို တောက်တောက်စင်း (ကြိတ်) ပြီး ကြက်သွန်ဖြူ ၊
  4. ထို့နောက် အသားများကို Zucchini နှစ်ချပ်ကြားကို ညှပ်လိုက်ပါတယ် ။ အသားညှပ်ပြီးသွားတဲ့ Zucchini အလွှာလေးတွေပါ ။
  5. ပန်းကန်တစ်ခုထဲမှာ ဂျုံမှုန့် (အကြော်မှုန့်) ကို ကြက်ဥတစ်လုံး ဖောက်ထည့်ပြီး ရေအနည်းငယ် ၊ ဆား ၊  အရသာမှုန့် တို့ဖြင့် သမအောင် ရောနှယ်ပါမယ် ။
  6. ဖျော်ထားတဲ့ အကြော်မှုန့်ထဲသို့ အသားညှပ်ထားတဲ့ အသီးလွှာများကို မုန့်နှစ်ဖုံးအောင် လူးပြီး ဆီပူပူမှာ ကြော်ပါတယ် ။ ရွှေရောင်သန်းလာတဲ့အထိ နှစ်ဖက်ညီအောင် ကြော်ပါ ။
မှတ်ချက် ။ ။ အကြော်များကို ကြော်ပြီးတာနဲ့ ပူပူနွေးနွေးချက်ခြင်း စားဖို့တော့လိုပါတယ် ။ မဟုတ်ရင် ခဏနဲ့ ပျော့သွားပြီး စားမကောင်း ဖြစ်တတ်ပါတယ် ။ ထမင်းနဲ့စားစား ၊ အဆာပြေ စားစား စားလို့ကောင်းတဲ့ Zucchini သီး အသားညှပ်ကြော်ပါ ။ ခရမ်းသီးကိုလည်း ခုလိုနည်းနဲ့ ကြော်စားနိုင်ပါတယ်နော် ။

Credit: missgreenlady

Review

User Rating

5 (1 Votes)