ကိုင်း ခရမ်းချဉ်သီး ပေါတဲ့ ရာသီဆိုတော့ ခရမ်းချဉ်သီး ငါးပိချက် ချက်တယ်ကွယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းချဉ်သီး မှည့်မှည့်
  • ငါးကြင်း – ပြုတ်ပြီး အသားနွှင်ထားပါ
  • ကြက်သွန်နီ ၊ ကြက်သွန်ဖြူ – ပါးပါးလှီးပြီး ဆားလေးနည်းနည်းနဲ့ နယ်ထားပါ
  • မျှင်ငါးပိ နည်းနည်း – ရေပျစ်ပျစ်ဖျော်ထားပါ
  • မြေပဲလှော် – မညက်တညက်ထောင်းပါ
  • ပဲပုပ် – မီးကင်ပြီး ညက်ညက်လေး ထောင်းထားပါ
  • ငြုပ်ခွဲကြမ်း
  • ငြုပ်စိမ်းတောင့်
  • နံနံပင်
  • ပင်စိမ်း
  • ဆီ
  • နနွင်း
  • ထန်းလျက် – ၁ ခဲ

ပြုလုပ်နည်း

  1. အိုးထဲ ဆီ၂ ဇွန်းလောက်ထည့်ပြီး ပူလာရင် ကြက်သွန်ကို နနွင်းလေး အနည်းငယ် ထည့်ပြီး ဆီသတ်ပါ ။ ငါးနွှင် (သို့) ပုစွန်ခြောက်မှုန့် ထည့် ၊ ရေလေး နဲနဲထည့် ၊ မွှေးလာရင် ငါးပိဖျော် ထည့်ပါ ။
  2. ပြီးလျှင် ခရမ်းချဉ်သီး ထည့် ၊ ငြုပ်ခွဲကြမ်းထည့် ကြေနေအောင် မီးအေးအေးနဲ့ ချက်ပါ ။ သတ်သတ်လွတ် စားမယ်ဆိုရင် ပဲပုပ်မှုန့် နဲ့ မြေပဲ ထည့်ပါ ။ အရည်နှင့် စားချင်လျှင် ရေနွေးထပ်ထည့်ပါ ။ ပျစ်ပျစ်လေး စားချင်ရင်တော့ မထည့်ပါနှင့် ။
  3. အရသာအတွက် ဆား ၊ ထန်းလျက်လေး ၁ ခဲလောက်ထည့် ၊ မိမိစိတ်ကြိုက် အပေါ့အငံ အပျစ်အကျဲ ဖြစ်ပြီဆိုရင် ငြုပ်စိမ်း ၊ နံနံပင် ၊ ပင်စိမ်းလေးအုပ်ကာ အိုကေပြီ ။

Credit: Mi Shwe Kwett