ပါဝင်ပစ္စည်းများ

  • ထမင်း
  • ပုဇွန် ချဉ်ပေါင် ဇရစ်ရိုး ဟင်းလှော်
  • ဂွေးသီး ငပိထောင်း
  • ခရမ်းချဉ်သီးပေါက်စ ရောင်စုံ
  • မျှစ်နု ပြုတ်
  • ဒညင်းသီး ပြုတ်
  • ခရမ်းသီးပေါက်စ
  • ငါးခူကင်

ပြုလုပ်နည်း

  1. ထမင်းကြမ်း တွင် မနေ့ညက ကျန်တဲ့ ပုဇွန် ချဉ်ပေါင် ဇရစ်ရိုး ဟင်းလှော် နဲ့ ကုန်လု နီးပါး ဖြစ်နေတဲ့ ဂွေးသီး ငပိထောင်း နဲ့ပါ ထည့်နယ်ပါတယ်။
  2. နယ်ထားတဲ့ ထမင်းနယ်ကို မျှစ်နု ပြုတ်၊ ဒညင်းသီး ပြုတ်၊ ခရမ်းသီးပေါက်စ ၊ ခရမ်းချဉ်သီးပေါက်စ ရောင်စုံ တို့နှင့် တွဲစားကြည့်ပါ၊ ရှာလည်သွားပါမည်။
  3. မီးအေးအေးနှင့် ကင်ထားတဲ့ ငါးခူကင်က မီးသွေး မီးဖိုပေါ်က အချဆိုတော့ ထမင်းနယ်နဲ့ လိုက်ပြီပေါ့။
  4. အချိုမှုန့် လုံးဝ မပါပါ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar