ပါဝင်ပစ္စည်းများ

  • ငါးခူ ငပိကောင် ၂ ကောင်
  • ကြက်သွန်နီ အကြီး   ၂ လုံး  (ပါးပါး လှီးထားပါ)
  • ကြက်သွန်ဖြူ အမွှာကြီး   ၅ မွှာ (မထူမပါး လှီးထားပါ)
  • နနွင်းမှုန့်   အနည်းငယ်
  • ငရုတ်သီးခြောက် ခွဲခြမ်း   အနည်းငယ်
  • ဆီ
  • အချိုမှုန့် အနည်းငယ်

ပြုလုပ်နည်း

  1. ငါးခူ ငပိကောင်များကို ကြော်ရန်အတွက် အနေတော် တုံးရျ် ရေနွေးနွေးလေးထဲတွင် ဆားဓါတ်များ လျော့သွားစေရန် ၁၀မိနစ်ခန့် စိမ်ထားပါ။ ပြီးလျင် ရေထဲတွင် ရှာလကာရည် (ပိုးမွှားများ ကင်းစင်အောင်) အနည်းငယ် ထည့်၍ သန့်စင်အောင် ဆေးပြီး ရေစစ်ထားပါ။
  2. ဒယ်အိုးထဲတွင် ဆီကိုပူအောင် တည်ပြီး နနွင်းမှုန့် အနည်းငယ် ထည့်၍ ပါးပါးလှီးထားသည့် ကြက်သွန်နီများကို  မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။  ကြွပ်နေသည့် ကြက်သွန်နီကြော်များကို ဆယ်၍ အအေးခံထားပါ။
  3. ကြက်သွန်နီကြော် ထားသည့် ဆီထဲတွင်  မထူမပါး လှီးထားသော ကြက်သွန်ဖြူကို  မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။  ကြွပ်နေသည့် ကြက်သွန်ဖြူကြော်များကို ဆယ်၍ အအေးခံထားပါ။
  4. ပြီးလျင် စစ်ထားသော ငါးခူငပိကောင်များကို မီးအေးအေးဖြင့် ကြွပ်နေအောင် ကြော်ပါ။  ကြွပ်နေသည့် ငါးခူငပိကောင်ကြော်များကို ဆယ်၍ အအေးခံထားပါ။
  5. နောက်ဆုံးမှ ငရုတ်သီးခြောက် ခွဲခြမ်းများကို ကြော်၍ ကြော်ပြီးသော ငါးခူငပိကောင်၊  ကြက်သွန်နီ၊  ကြက်သွန်ဖြူ တို့နှင့် ရော၍ အချိုမှုန့် အနည်းငယ် (နှစ်သက်လျင်) ဖြူးပါ။ အရသာ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။

MyFood Myanmar