ခရမ်းကဆော့သီးက အချိုသီး နဲ့ အခါးသီး ၂ မျိုး ရှိပါတယ် ။  အခါးသီးတွေက အတော်လေး ခါးပြီး ၊ အသီး အရွယ်ကလည်း ပိုငယ်ပါတယ် ။ အခုသုံးတဲ့ အသီးက အချိုသီးပါ ၊ အခါးဓါတ် လုံးဝမပါ ပါဘူး။

ပုဇွန် နှင့် ခရမ်းကဆော့သီး ငပိထောင်းချဉ်စပ်အတွက် လိုအပ်တာလေးများ

  •  ကြက်သွန်ဖြူ အတက်ကြီး – ၃ တက်
  • ငရုတ်သီးစိမ်း – ၉ တောင့်ခန့် (သို့) စားနိူင်သလောက်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  •  ကင်ထားသော (သို့) Microwave ထဲ စက္ကန့် ၃၀ ခန်.ထည့်ထားသောစိမ်းစားငပိ – ထမင်းစားဇွန်း ၁ ဇွန်းခွဲ
  •  ကြက်သွန်နီ အလုံးသေး – တစ်ခြမ်း
  •  Microwave ထဲ ၁ မိနစ်ခန်. ထည့်ကာ ကျက်အောင်လုပ်ထားသော လက်ညှိုးအရွယ် ပုဇွန် – ၅ ကောင်
  • ၂ ခြမ်းစီခွဲထားသော ခရမ်းကစော့သီး – ၄၅ လုံးခန့်
  • ပူစီနံ (Mint) – အနည်းငယ်
  • သံပုရာရည် – ထမင်းစားဇွန်း ၃ ဇွန်းခွဲ
  • ငါးငံပြာရည် – ထမင်းစားဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

  1. ကြက်သွန်ဖြူ ၊ ငရုတ်သီးစိမ်း ၊ သကြား နှင့် ငပိကို ထောင်းပြီးလျှင် ကြက်သွန်နီ နှင့် ပုဇွန်ကိုထည့်ထောင်းပေးပါ ။
  2. ပုဇွန် နှင့် ကြက်သွန်နီ အနည်းငယ်ကြေသွားလျှင် ခရမ်းကဆော့သီး ထည့်ကာ အရမ်းမကြေအောင် ထောင်းပေးပါ ။
  3. ပူစီနံထည့်ကာ အရမ်းမကြေအောင်ထောင်းပြီးလျှင် ပန်းကန်လုံးတစ်ခုထဲ ခပ်ထည့်ပါ။
  4. ပြီးလျှင် သံပုရာရည် နှင့် ငါးငံပြာရည်တို့ ထည့်ကာ နှံ့အောင်မွှေပြီးလျှင် ပုဇွန် နှင့် ခရမ်းကဆော့သီး ငပိထောင်း ချဉ်စပ်ကို ဝက်သားမျှစ်ချဉ်ဟင်း ၊ ငါးကြင်းကြော် ၊ ကန်ဇွန်းရွက်သုပ် ၊ ကောက်ညင်းခွက်ကြော် တို့နှင့် တွဲဖက်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ ။

Credit: Chaw Su’s Food Friends