ပါဝင်ပစ္စည်းများ

  • ပုဇွန် ၁၅ ကျပ်သား
  • ချဉ်ပေါင် ၁ စ ည်း (ခြွေထားပါ)
  • ဇရစ်ရိုး ၁ စ ည်း (ခြွေထားပါ)
  • ပုဇွန်ခြောက်မှုန့် ၁ ဇွန်း
  • ခရမ်းချဉ်သီး ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • နနွင်းမှုန့် အနည်းငယ်
  • ငရုတ်သီးစိမ်း ၇/၈ တောင့်
  • ဆား အနည်းငယ်
  • ရေ ၂ ခွက် (နို့ဆီဗူး)

ပြုလုပ်နည်း

  1. ပုဇွန်များကို သန့်စင်ပြီး ရေစစ်ထားပါ။ ရေစစ်ထားသည့် ပုဇွန်များကို ဆား နှင့် နနွင်းမှုန့် တို့နှင့် နယ်ထားပါ။ ဒယ်အိုးကို ပူအောင် တည်ပြီး ရေစစ်ထားသည့် ပုဇွန်များကို ထည့်၍ လှော်ပါ။
  2. ပြီးလျင် ပုဇွန်ခြောက်မှုန့် ၊ ပါးပါးလှီးထားသော ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ ၊ ငရုတ်သီးစိမ်းကို ချိုး၍ အိုးထဲ ထည့်ပြီး ရေကို မြုပ်ရုံ ထည့်ပါ။
  3. ခရမ်းချဉ်သီး နှင့် ကြက်သွန်နီ နွမ်းသွားလျင် ခြွေထားသည့် ဇရစ်ရိုး နှင့် ချဉ်ပေါင်ကို ထည့်ပြီး ရေကို မြုပ်ရုံ ထည့်ပါ။
  4. အားလုံးနူး၍ ရေစပ်စပ် ကျန်ချိန်တွင် အပေါ့အငံမြည်း၍ အနေတော် ဖြစ်လျင် မီးဖိုပေါ်မှ ချရျ် သုံးဆောင်နိင်ပါပြီ ။
  5. ဆီ နှင့် အချိုမှုန့် လုံးဝ မပါပါ ။ မိမိ နှစ်သက်က ထည့်နိုင်ပါသည်။

MyFood Myanmar