ကြက်ကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မဆလာရနံ့လေးသင်းနေတဲ့ ကြက်တောင်ပံအစပ်ကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ အခု ၃၀ ခန့်
  • ကြော်ရန် ဆီ
  • ဒိန်ချဉ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • မဆလာ လက်ဖက်ရည်ဇွန်းတစ်ဝက်

  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သံပုရာသီး တစ်ခြမ်း (အရည်ညှစ်ထားပါ)
  • ဂျုံမှုန့် စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁၆ ဇွန်း

ဆော့စ်ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျဉ်းတော်သိမ် ၁ ခက် (အရွက် ၂၀ ခန့်)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ငရုတ်နှစ် စားပွဲတင်ဇွန်း ၂ ဇွန်း

  • Ketchup စားပွဲတင်ဇွန်း ၁ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ဒိန်ချဉ်၊ ငရုတ်သီးမှုန့်၊ မဆလာ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ သံပုရာရည်တို့ကို သမအောင် ရောမွှေထားပါ။ ထို့နောက် ကြက်တောင်ပံများကို ထိုအရောအနှောဖြင့် သမအောင် နယ်ပါ။

ထို့နောက် အဖုံးအုပ်ပြီးနောက် ရေခဲသေတ္တာထဲတွင် အနည်းဆုံး ၂ နာရီမှ တစ်ညခန့် အအေးခံထားလိုက်ပါ။

၂။ သတ်မှတ်ချိန်ပြည့်သွားတဲ့အခါ ဂျုံမှုန့်နှင့် ပြောင်းမှုန့်တို့ကို သမအောင် ရောမွှေပါ။ ထို့နောက် ကြက်သားတုံးများကို ဂျုံမှုန့်ဖြင့် ကပ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆန်ခါတစ်ခုခံထားသော လင်ဗန်းပေါ်တွင် ကြက်သားတုံးများကို မထိကပ်စေဘဲ တင်ထားလိုက်ပါ။

၃။ ထို့နောက် ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သားတုံးများကို ၁၀ မိနစ်ခန့် ကြော်ပါ။ ကြက်သားတုံးများကို အားလုံးကြော်ပြီးသွားပါက စောစောက လင်ဗန်းပေါ်တွင် ဆီစစ်ထားပါ။ ပြီးမှ ပန်းကန်ပြားထဲ ပြောင်းထည့်ပါ။

၄။ အခြားဒယ်အိုးတစ်လုံးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ပျဉ်းတော်သိမ်ရွက်မာျး ထည့်ကြော်ပါ။ တစ်မိနစ်ခန့်ကြာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်၊ ငရုတ်နှစ်နှင့် Ketchup တို့ထည့်ကာ ၂ မိနစ်ခန့် မွှေပါ။ နောက်ဆုံးအဆင့်ကျမှ ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ကာ သမအောင် ထပ်မွှေပါ။

၅။ ရရှိလာတဲ့အချဉ်ဆော့စ်ကို ကြက်သားတုံးပေါ်သို့ ဆမ်းထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အိန္ဒိယစတိုင်လ် ကြက်တောင်ပံကြော်များ ရရှိသွားပါပြီ။

Source: Picturetherecipe.com