ပါဝင်ပစ္စည်းများ

  • ငါးကြင်းဖြူ ၅၀ ကျပ်သား
  • ပဲနီလေး ၅၀ ကျပ်သား
  • ဌက်ပျောအူနုနု
  • ဆနွင်း
  • စပလင် တပင်
  • ငံပြာရည်
  • ဂျင်း
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီဥ အသေး

သတုံ မုန့်ဟင်းရည်

မုန့်ဟင်းခါးနှင့် တွဲဖက်စားသုံးရန်

  • မုန့်ဖတ်
  • ငါးဖယ်ကြော်
  • ဘဲဥ
  • ပဲတီပင်ပေါက်
  • ပဲတောင့်ရှည်
  • ပူတီနံ
  • နံနံပင်
  • ခရမ်းချဉ်သီး
  • ကြက်သွန်ဖြူဆီချက်
  • ငရုတ်သီး အကျက်မှုန့်
  • သထုံ ထမင်းဝါ

သထုံ မုန့်ဟင်းခါး3

သထုံ ထမင်းဝါ ပြုလုပ်နည်း

ထမင်းဝါက ဆန်ကို ပျော့နေအောက်ချက်ပြီး ဆီချက်နဲ့  လုံးထားတာပါ ။  ထမင်းဝါကို ထမင်းချဉ်ဟုလည်း   ခေါ်ပါတယ် ။

သထုံ မုန့်ဟင်းခါး2

မုန့်ဟင်းရည် ပြုလုပ်နည်း

ဌက်ပျောအူ နုနုကို ဆနွင်း ၊ စပလင် တပင် ထုထည့်ပြီး ပြုတ်ပါ။ ငါးကြင်းဖြူကို ဆနွင်း ၊ ငံပြာရည် ၊ ဂျင်း ။ စပလင် တို့ကို ထည့်ပြီး ပြုတ်ပါ။ ပဲနီလေးကို ရေဆေးပြီး ပြုတ်ထားပေးပါ။

ငါးကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ စပလင်တို့နဲ့ မွှေးနေအောင် ဆီသတ်ပြီး ငါးမှုန့်မွှေ လုပ်ထား လိုက်ပါ။ ဌက်ပျောအူ ပြုတ်ထဲကို ပဲကြိတ်ထားတာရယ် ၊ ငါးမှုန့်မွှေ ၊ ရေဖျောထားတဲ့ ဆန်လှော်မှုန့် တစ်ထုတ်ဝက်ကို အားလုံးရောပြီး ချက်လိုက်ပါ။

ကြက်သွန်နီဥ အသေးများကို ထည့်လိုက်ပါ။ ကြက်သွန်ဖြူ ၊ စပလင် ၊ ဂျင်းတို့ကို ကြိတ်ပြီး နောက်ဆုံး ပွက်ပွက်ဆူမှ ထည့်လိုက်ပါ။ အပေါ့အငံမြည်းရျ် သုံးဆောင်နိုင်ပါပြီ ။

သထုံ မုန့်ဟင်းခါး

Credit: My Food Myanmar  &  Naing Naing