ပဲပုတ်ခြောက် နှင့် ကြက်ဥ၊ ငုံးဥ၊ ဘဲဥ ဥစုံလေးကို ကိုင်းခရမ်းချဉ်သီး ရဲ့အချဉ်အရသာလေး ပဲပုတ်ခြောက် ရဲ့အငံလေးရယ် တွဲပြီး ပြန်နှပ်ထားသော အရသာက အင်မတန်လိုက်ဖက်ပါတယ်။ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ကြိုက်ကျသူများ အတွက် တစ်မျိုးလေး စားသုံးနိုင်အောင် ဖော်ပြလိုက်ပါတယ်

ပါဝင်ပစ္စည်းများ

ကြက်ဥ – ၃ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ)

ငုံးဥ – ၁၀ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ)

ဘဲဥ – ၃ လုံး (ပြုတ်ထားပြီး အခွံခွာထားပါ)

ပဲပုတ်ခြောက်ပြား – ၅ ချပ် (ခတ်သေးသေးလေးတွေ လှီးထားပါ)

ဆား – တစ်ဝက် ဇွန်း လက်ဖက်ဇွန်း

နံနံပင် – ၅ ပင် (ကြမ်းကြမ်းလေး ဖြတ်ထားပါ)

အုပ်စု (က)

ကြက်သွန်နီ – ၅ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ – ၃ မွှာ (ထောင်းထားပါ)

ဆနွင်းမှုန့် – ၁ ဇွန်း လက်ဖက်ဇွန်း

ငရုတ်သီးအရောင်တင်မှုန့် – ၂ ဇွန်း စားပွဲဇွန်း

ငရုတ်သီးစိမ်း – ၁၀ တောင့် ( ကြမ်းကြမ်း လေးတွေ လှီးထားပါ)

အသီးအရွက်ဆီ – ၅ ဇွန်း စားပွဲဇွန်း

ခရမ်းချဉ်သီး – ၇ လုံး ( ခတ်ကြမ်းကြမ်းလေး တွေ လှီးထားပါ)

ပြုလုပ်နည်း

စောက်နက် အကြော်အိုး ထဲမှာ ဆီပူ အောင် တည်ပါ။ ဆီပူလာလျှင် အုပ်စု (က) မှ ခရမ်းချဉ်သီး ကလွဲ လို့ ပစ္စည်းများ အားလုံး ထည့်ပြီး ကြော်ပါ။ အနံ့သင်းမွှေးလာ လျှင် ခရမ်းချဉ်သီး ထည့်ပြီး နှံ့အောင်မွှေပါ။ မီး အနေတော်လောက်နဲ့ပဲတည်ပါ။

ခရမ်းချဉ်သီး အခွံ များလိပ်လာ လျှင် ဥများနှင့် ပဲပုတ်ခြောက်များ ထည့်ပြီး ဆီပြန်လာသည် အထိတည်ပါ။ ဆီပြန်လာလျှင် ဆား မြည်းပြီး လိုတာထပ်ထည့်ပါ။ ဆီပြန်ပြီး ခရမ်းချဉ်သီး အရေခမ်းခြောက်တဲ့ အထိ တည်ပါ။ မီးဖိုပေါ်ကမချခင် နံနံပင် အုပ်ပါ။ ပူပူလေး ထမင်းဖြူ နှင့် တွဲစားလျှင် သိပ်လိုက်ဖက်ပါတယ်။

Credit: Syilwin Foodsgarden