ပါဝင်ပစ္စည်းများ

  • တောင်ပို့မှို
  • ထမင်း (ရှမ်းဆန်)
  • ဆား
  • ဟင်းချိုမှုန့်

ပြုလုပ်နည်း

  1. မှိုကို ရေဆေးပြီး စစ်ထားပါ။ ဒယ်အိုးထဲတွင် မှို၊ ဆား၊ ဟင်းချိုမှုန့် ထည့် ပြုတ်ပါ။ ရေခြောက်သည်အထိ တည်ရပါမယ်။ ( ရေ ထည့်စရာ မလိုပါ)
  2. ရှမ်းဆန်ကို ချက်ပြီး အအေးခံ ထားရပါမယ်။
  3. မှို နှင့် ထမင်း ၂ မျိုးလုံး အေးပြီ ဆိုမှ သေသေချာချာ နှံ့စပ်အောင် နယ်ပါ။
  4. နှယ်ပြီးလျင် ဖက်နဲ့ထုပ်ပြီး ၂ ရက် ၃ ရက်ဆို ချဉ်လာရင် ကြော်စားလို့ရပါပြီ။ (ငါးချဉ် ၊ ပုဇွန်ချဉ် ကြော်နည်း အတိုင်း ကြော်စားနိူင်ပါတယ်။

Credit: Phyu Phyuhnin