ဟိုတစ်ခါက လုပ်စားတဲ့ မြေပဲကောက်ညှင်းထုတ်လေး ခုမှ လာတင်ဖစ်တာ ဆိုင်တွေမှာတော့ ရောင်းတာတွေ့ဖူးတယ် ။ မြေပဲဆံလေးတွေနဲ့ ကောက်ညှင်းထုပ် ပူပူနွေးနွေးလေးကို ဆီထဲ ဆားလေးနည်းနည်းခပ်ထားတာလေးနဲ့ တို့စားလိုက်   ရေနွေးလေးသောက်လိုက်ဆို အရသာရှိပါတယ်နော် ။ ကောက်ညှင်းဆန် ၂ဘူးလောက်ဆို မြေပဲ ၁ဘူးကျော်ကျော်လောက် ထည့်ရင် ရပါတယ်နော် ။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်း
  • မေပဲ
  • နမ်းဆီ (သို့) စားဆီ
  • ဆား
  • အချိုမှုန့် (သို့) သကြား
  • ငှက်ပျောဖက်

ပြင်ဆင်ပြုလုပ်နည်း

  1.  ကောက်ညှင်းကို ရေနာရီဝက်လောက် စိမ်ထားပါ ။ မြေပဲကိုလည်း ရေနာရီဝက်လောက် စိမ်ထားပါ ။
  2.  ပြီးရင် အိုးကျယ်ကျယ် တအိုးထဲမှာ ကောက်ညှင်းထည့် မြေပဲထည့် စားဆီ သင့်တော်သလောက် ထည့်ပြီး ဆား ၊ အချို့မှုန့် (သကြား) နည်းနည်းစီထည့်ပီး  မွှေပေးပါ ။
  3.  ပြီးရင် ငှက်ပျောဖက်နဲ့ ထုပ်ပြီး အပေါ်က ဝါးနှီး (သို့) ပလပ်စတစ်ကြိုး နှင့် ချည်ပေးပါ(ဒီမှာတေ့ ကြိုးနှင့် ချည်ထားပါသည်။ ဝါးနှီးအဆင်သင့်မရှိသည့်အတွက်)။ ပြုတ်မယ့် အိုးအောက်ခြေကို ငှက်ပျောရွက် နည်းနည်းခင်း ကောက်ညှင်းထုပ်လေးတွေထည့် အပေါ်က ငှက်ပျောရွက်နဲ့ ပြန်အုပ် ရေမြုပ်ရုံထည့်ပီး ပြုတ်ပါ ။  ရေခမ်းသလောက် ရှိပီဆိုရင် ကောက်ညှင်းလည်း နပ်ပီဆိုရင်တော့ စားလို့ရပါပီနော်။

ပန်ကန်လုံး တစ်လုံးထဲတွင် နှမ်းဆီ နှင့် ဆားထည့်ပိ ပြုတ်ထားတဲ့ ကောက်ညှင်းလေးတွေနဲ့ စားရင် လိုက်ဖက်ပါ တယ် ။ ငယ်ငယ်ကတော့ မေမေလုပ်ကျွေးဖူူးတာ ကြံသကာ (သို့) ထန်းလျက်ဖြူဖြူလေးတွေနှင့် စားရတာ အလွန်ကောင်းပါသည် ။

Credit: Daw Nge Layz